Category Archives: News
-
သောက်သုံးရေရှားပါးမှုနှင့်စပ်လျဉ်းသည့်ဗွီနိုင်းပိုစတာစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်မှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၂၀)ရက်နေ့တွင် လွိုင်ကော် ခရိုင်၊ ဖရူဆိုမြို့နယ်၌ သောက်သုံးရေရှားပါးမှုနှင့်စပ်လျဉ်းသည့်အကြံပြုချက် ဗွီနိုင်းပိုစတာကို စိုက်ထူခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar_drg #kyh_may2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်မှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့၊ (၀၈း၃၀) နာရီ အချိန်မှ (၁ရး၃၀)နာရီအချိန်ထိ လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်အဝင်/အထွက် စီးနင်းလိုက်ပါ လာသော ခရီးသည်များအား ကိုယ်အပူချိန်များတိုင်းထွာပေးခြင်းနှင့် ပြည်တွင်းပြည်ပမှ ပြန်လာသူများ အား စာရင်းပြုစုခြင်းတို့ကို ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ သုံးပင်ကွင်းရပ်ကွက်၊ ကံသာယာ(၁)လမ်း၌ (၄-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် လုံးဝပျက်စီးအိမ်ခြေ (၆) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု(၇)စုမှ လူဦးရေ (၂၁) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၆) စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး အိမ်ထောင်စု (၁) စုစာတို့ကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၃၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၄,၁၀၀/-) ကျပ်တို့ကို (၄-၅-၂၀၂၀)ရက်နေ့၊ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ပေါ်ရပ်ကွက်များနှင့် မိုးကောင်းမြို့နယ်၊ နန့်ခွင်ကျေးရွာတို၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပြီး အသိပညာပေးစာစောင်ကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_may2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့တွင် ဝိုင်းမော်မြို့နယ်ရှိ၊ မိုင်းနားလဝမ်၊ မိုင်းနားအေဂျီ IDPsစခန်းများ၌ အပူချိန်တိုင်းကိရိယာ (၂) ခု၊ လက်ဆေးစင် (၂) ခု၊ ဗွီနိုင်းပိုစတာ(၂)ခု၊ Hand Speaker (၂) ခု၊ Memory Stick (၂) ခု၊ အဝတ် Mask (၇၄၀)ခုတို့ကို ပေးအပ်ခဲ့ပြီး COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူ့ပန်ကြားချက် အသိပညာပေးမှုအားအသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့တွင် အင်းတော်မြို့နယ်၊ မော်လူးမြို့ပေါ်ရှိ မင်းရာဇာ၊ မင်းဇေယျာ၊ မင်းချမ်းသာ၊ မင်းသစ္စာ၊ မင်းသုခ၊ မင်းသီရိရပ်ကွက်များ၊ စီးမော်ကျေးရွာအုပ်စု၊ စီပိန်းကျေးရွာနှင့် ပုန်းဟုန်ကျေးရွာအုပ်စု၊ ပုန်းဟုန်ကျေးရွာများရှိ ပြည်သူများသို့ Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရန်များကို (၁၀:၀၀)နာရီအချိန် မှ (၁၆:၀၀) နာရီအချိန်ထိ အသိပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့ပြီး (မိုးကြိုးဘေးနှင့်မုန်တိုင်းဘေး) လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #sgg_may2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကြိုတင်ကာကွယ်ရေး အများပြည်သူအား အသိပညာပေးလှည့်လည်ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့ (၀၈:ဝ၀)အချိန်မှ (၁၉:ဝဝ) အချိန်ထိ ချောက်ကန်အုပ်စု၊ အရှေ့ချောက်ကန်ကျေးရွာ၊ အနောက်ချောက်ကန်ကျေးရွာ၊ မကျီးကိုးပင် ကျေးရွာ၊ ကန်ပလက်ကျေးရွာများနှင့် ပခုက္ကူမြို့ပေါ်ရပ်ကွက် (၁၅)ရပ်ကွက်တွင် COVID -19 ကူးစက်မြန် ရောဂါ ကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေးပန်ကြားချက်များနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြည်သူများသို့ပန်ကြားချက်များအား လှည့်လည်အသိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_may2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့တွင် (၉:၀၀)အချိန်မှ ( ၁၆: ၀၀) အချိန်ထိ ကနီမြို့နယ်အတွင်းရှိ ထနောင်းပကား(တ)ကျေးရွာ၊ ထနောင်းပကား(မ)ကျေးရွာ၊ ထောက်ကြံ့အိုင်ကျေးရွာ၊ ချောင်းကွေ့ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်၍ Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးလိုက်နာရန်အချက်များအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ အသိပညာပေးဟောပြော ဆွေးနွေးခဲ့ ပါကြောင်းနှင့် ကျေးရွာများအတွင်း ပြည်သူသို့ပန်ကြားချက်များ၊ လေပြင်းဘေးလက်ကမ်းစာစောင်များ ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #sgg_may2020 Source: … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ အောင်သုခရပ်ကွက်၌ (၃-၅-၂၀၂၀) ရက်နေ့၊ (၀၁:၁၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၁)စုမှ လူဦးရေ (၄) ဦးအတွက်(၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၈,၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးတို့အား (၄-၅-၂၀၂၀) ရက်နေ့၊ (၁၃:၂၀) နာရီအချိန်တွင် … Read more
-
အဝီစိတွင်းနှင့် ရေစင်တည်ဆောက်ရန်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်ဘဲတန်းရပ်ကွက်၊ ထားဝယ်စုရပ်အောက်ပိုင်း၊ ကမ်းနားလမ်း၌ အဝီစိတွင်း(၁)တွင်းနှင့် ဂါလန်(၅၀၀)ဆံ့ရေစင်တည်ဆောက်ရန် ထောက်ပံ့ငွေ (၂,၄၀၀,၀ဝဝ/-) ကျပ်ကို မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁)အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ထံသို့ လွှဲပြောင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_may2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)









