Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့တွင် အင်းတော်မြို့နယ်၊ မော်လူးမြို့ပေါ်ရှိ မင်းရာဇာ၊ မင်းဇေယျာ၊ မင်းချမ်းသာ၊ မင်းသစ္စာ၊ မင်းသုခ၊ မင်းသီရိရပ်ကွက်များ၊ စီးမော်ကျေးရွာအုပ်စု၊ စီပိန်းကျေးရွာနှင့် ပုန်းဟုန်ကျေးရွာအုပ်စု၊ ပုန်းဟုန်ကျေးရွာများရှိ ပြည်သူများသို့ Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရန်များကို (၁၀:၀၀)နာရီအချိန် မှ (၁၆:၀၀) နာရီအချိန်ထိ အသိပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့ပြီး (မိုးကြိုးဘေးနှင့်မုန်တိုင်းဘေး) လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
#ar
#sgg_may2020
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events