လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့တွင် (၉:၀၀)အချိန်မှ ( ၁၆: ၀၀) အချိန်ထိ ကနီမြို့နယ်အတွင်းရှိ ထနောင်းပကား(တ)ကျေးရွာ၊ ထနောင်းပကား(မ)ကျေးရွာ၊ ထောက်ကြံ့အိုင်ကျေးရွာ၊ ချောင်းကွေ့ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်၍ Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးလိုက်နာရန်အချက်များအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ အသိပညာပေးဟောပြော ဆွေးနွေးခဲ့ ပါကြောင်းနှင့် ကျေးရွာများအတွင်း ပြည်သူသို့ပန်ကြားချက်များ၊ လေပြင်းဘေးလက်ကမ်းစာစောင်များ ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)