လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၅-၂၀၂၀) ရက်နေ့တွင် ဝိုင်းမော်မြို့နယ်ရှိ၊ မိုင်းနားလဝမ်၊ မိုင်းနားအေဂျီ IDPsစခန်းများ၌ အပူချိန်တိုင်းကိရိယာ (၂) ခု၊ လက်ဆေးစင် (၂) ခု၊ ဗွီနိုင်းပိုစတာ(၂)ခု၊ Hand Speaker (၂) ခု၊ Memory Stick (၂) ခု၊ အဝတ် Mask (၇၄၀)ခုတို့ကို ပေးအပ်ခဲ့ပြီး COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူ့ပန်ကြားချက် အသိပညာပေးမှုအားအသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#kcn_may2020
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)