မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ သုံးပင်ကွင်းရပ်ကွက်၊ ကံသာယာ(၁)လမ်း၌ (၄-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် လုံးဝပျက်စီးအိမ်ခြေ (၆) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု(၇)စုမှ လူဦးရေ (၂၁) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၆) စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး အိမ်ထောင်စု (၁) စုစာတို့ကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၃၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၄,၁၀၀/-) ကျပ်တို့ကို (၄-၅-၂၀၂၀)ရက်နေ့၊ (၁၆:၀၀)နာရီအချိန်တွင် လွှတ်တာ်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။

#ha_fir

#ayy_may2020

Source:           ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events