Category Archives: News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ် ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ပူးပေါင်း၍ (၇-၅-၂၀၂၀) ရက်နေ့တွင် လားရှိုးမြို့ နယ် ၊ ပုန်းထွန်ကျေးရွာ၊ နောင်အော်ကျေးရွာ၊ ဆိုင်းလိုင်ကျေးရွာ၊ ကောင်းကော်စမ်းကျေးရွာ၊ နမ့်လင်းခမ်းကျေးရွာ၊ ပန်ထိုလင် (ယော်) ကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များကို အသိပေးပန်ကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)နာရီအချိန်မှ (၁၄:၀၀)နာရီအချိန်ထိ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ မုက္ခမော့ကျေးရွာနှင့် အခိုက်(ခ)စစ်ကွင်းကျေးရွာများအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် COVID – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်အသိပေး ကြေငြာခြင်းများ ဆောင်ရွက်ခဲ့ ကြောင်းသတင်းရရှိပါသည်။ #ar #mon_may2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး အများပြည်သူအား အသိပညာပေး လှည့်လည်ဆောင်ရွက်ခြင်းနှင့် ဗီနိုင်းပိုစတာများ ဝေငှခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၂၀) ရက်နေ့ (၀၈:ဝ၀)အချိန်မှ (၁၄:ဝဝ)အချိန်ထိ မယ်ဇလီပင်ကုန်းအုပ်စု၊ မယ်ဇလီပင်ကုန်းကျေးရွာ၊ နှုံးပို့ကုန်းကျေးရွာ၊ အရှေ့လှည်းကြောင်းပေါက်ကျေးရွာ၊ သံပုရာပင်ကုန်းကျေးရွာ နှင့် သာယာအေး ကျေးရွာများသို့ COVID -19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေး ပန်ကြားချက်များနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူများသို့ပန်ကြားချက်များအား လှည့်လည်အသိပေးခြင်းနှင့် အသိပညာပေးဗီနိုင်း ပိုစတာများ ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_may2020
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဈေးရုံဗိုလ်တဲရပ်ကွက်၊ ကျော်ဇေယျာ (၁) ရပ်ကွက်၊ ပြင်ဦးလွင်ရပ်ကွက်၊ ဆင်ကုန်းရွာ၊ ကရာကုန်းရွာ၊ ဥက္ကံရွာ၊ ကျောက်ပြင်သာရွာ၊ ကျွန်းတောရွာ၊ တောင်မော်ရွာ၊ ပဒုမ္မာရွာ ၊ကြာအင်းရွာတို့တွင် (၆-၅-၂၀၂၀) ရက်နေ့ (၁၆:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အမိုးလန် အိမ်ထောင်စု (၂၀) စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၉၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၉၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၀၃,၇၀၀/-) … Read more
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၂၀) ရက်နေ့ ၊(၈:၃၀) နာရီမှ (၁၂:၃၀) နာရီအချိန်ထိ မကွေးခရိုင်၊ ချောက်မြို့နယ် အတွင်းရှိ ချောက်မြို့အမှတ် (၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅) ရပ်ကွက်များသို့ COVID-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပြည်သူလူထု အသိပညာပေး ပန်ကြားချက်များကို လှည့်လည်ဟောပြောခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း သတင်းရရှိပါသည်။ #ar #mgy … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၂၀)ရက်နေ့တွင် ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ သပြေရပ်ကွက်နှင့် နောင်ချိူမြို့မစျေးများတွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့ မှုများမဖြစ်ပွားစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကို မြန်မာ၊ ရှမ်းဘာသာစကားများဖြင့် အသိပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း (၆-၅-၂၀၂၀) ရက်နေ့တွင် မိုးသက်လေပြင်းတိုက်ခတ်ခဲ့ရာ ညိုပင်အုပ်စု၊ ဆူးပုတ်ကုန်းကျေးရွာ၊ ညိုပင်ကျေးရွာ၊ တောင်ဦးကျေးရွာ၊ ဂွေ့ကြီးကျေးရွာနှင့် ရွှေပြည်သာယာအုပ်စု၊ ကြံခင်းကျေးရွာတို့တွင် လေဘေးသင့် ပြိုလဲအိမ်ခြေ ( ၂) လုံး၊ အမိုးလန်အိမ်ခြေ (၈)လုံးနှင့် ဘာသာရေးအဆောက်အဦ (၁) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကျောင်းဆောက် ပစ္စည်းထောက်ပံငွေ (၆၆၂၅၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၄၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ရန်ပုံငွေ(၇၄၆၅၀ဝ/-)ကျပ်နှင့် … Read more
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၂၀)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်မှစ၍ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ သိလ္လာဂါတ်စုကျေးရွာ၊ မုဆိုးကွင်းကျေးရွာ၊ တောင်ဒီးရွာသစ်ကျေးရွာ၊ တောင်ပေါ်စုကျေးရွာ၊ ကညင်ကုန်းကျေးရွာတို့ တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါ နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်တို့အား ရပ်ကွက်နေပြည်သူတို့အား အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy _may2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၂၀) ရက်နေ့ (၀၇:၃၀)နာရီမှ စတင်ပြီး မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာအုပ်စုအတွင်းရှိ ဝင်းကကျေးရွာ၊ ကျောက်လုံးကြီး(မြောက်ပိုင်း)ကျေးရွာ၊ ကျောက်လုံးကြီး (တောင်ပိုင်း)ကျေးရွာ၊ ကျောက်လုံးကြီး(အလယ်ပိုင်း)ကျေးရွာနှင့် ကျောက်လုံးကြီးကျေးရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_may2020
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၂၀) ရက်နေ့ တွင် Covid-19 နှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ စီတာပူ သီတာအေး၊ စီတာပူ ဆွတ်ငိုင်တောင်၊ မန်ခိန်နှစ်ခြင်း၊ ရွှေစက်နှစ်ခြင်း၊ ပလန ကက်သလစ် လူငယ်ဗဟိုကျောင်း၊ ဂျန်မိုင်ကောင်းနှစ်ခြင်း၊ ဂျန်မိုင်ကောင်းRC၊ မော်ဖောင်းလဝေါ်နှစ်ခြင်း၊ မော်ဖောင်းခါနန်နှစ်ခြင်း၊ နန်းကွေ့စိန်ယောဟန် IDPs စခန်းများသို့ အပူချိန်တိုင်းကိရိယာ (၁၁) ခု၊ လက်ဆေးစင် (၂၃) ခု၊ ဗွီနိုင်းပိုစတာ (၄) ခု၊ … Read more









