လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၂၀) ရက်နေ့ တွင် Covid-19 နှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ စီတာပူ သီတာအေး၊ စီတာပူ ဆွတ်ငိုင်တောင်၊ မန်ခိန်နှစ်ခြင်း၊ ရွှေစက်နှစ်ခြင်း၊ ပလန ကက်သလစ် လူငယ်ဗဟိုကျောင်း၊ ဂျန်မိုင်ကောင်းနှစ်ခြင်း၊ ဂျန်မိုင်ကောင်းRC၊ မော်ဖောင်းလဝေါ်နှစ်ခြင်း၊ မော်ဖောင်းခါနန်နှစ်ခြင်း၊ နန်းကွေ့စိန်ယောဟန် IDPs စခန်းများသို့ အပူချိန်တိုင်းကိရိယာ (၁၁) ခု၊ လက်ဆေးစင် (၂၃) ခု၊ ဗွီနိုင်းပိုစတာ (၄) ခု၊ Hand Speaker (၁၀) ခု၊ Memory Stick (၁၀) ခု၊ အဝတ် Mask(၁၁,၇၆၂)ခုတို့ အားသွားရောက်ပေးအပ်ခဲ့ပါသည်။
#ha_otr
#kcn_may2020
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)