လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဈေးရုံဗိုလ်တဲရပ်ကွက်၊ ကျော်ဇေယျာ (၁) ရပ်ကွက်၊ ပြင်ဦးလွင်ရပ်ကွက်၊ ဆင်ကုန်းရွာ၊ ကရာကုန်းရွာ၊ ဥက္ကံရွာ၊ ကျောက်ပြင်သာရွာ၊ ကျွန်းတောရွာ၊ တောင်မော်ရွာ၊ ပဒုမ္မာရွာ ၊ကြာအင်းရွာတို့တွင် (၆-၅-၂၀၂၀) ရက်နေ့ (၁၆:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အမိုးလန် အိမ်ထောင်စု (၂၀) စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၉၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၉၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၀၃,၇၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၉၃,၇၀၀/-) ကျပ်တို့အား (၇-၅-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_may2020
Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)