လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း (၆-၅-၂၀၂၀) ရက်နေ့တွင် မိုးသက်လေပြင်းတိုက်ခတ်ခဲ့ရာ ညိုပင်အုပ်စု၊ ဆူးပုတ်ကုန်းကျေးရွာ၊ ညိုပင်ကျေးရွာ၊ တောင်ဦးကျေးရွာ၊ ဂွေ့ကြီးကျေးရွာနှင့် ရွှေပြည်သာယာအုပ်စု၊ ကြံခင်းကျေးရွာတို့တွင် လေဘေးသင့် ပြိုလဲအိမ်ခြေ ( ၂) လုံး၊ အမိုးလန်အိမ်ခြေ (၈)လုံးနှင့် ဘာသာရေးအဆောက်အဦ (၁) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကျောင်းဆောက် ပစ္စည်းထောက်ပံငွေ (၆၆၂၅၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၄၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ရန်ပုံငွေ(၇၄၆၅၀ဝ/-)ကျပ်နှင့် ပြိုလဲအိမ်ခြေ(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး(၂)အိမ်ထောင်စာတို့အား (၇-၅-၂၀၂၀)ရက်နေ့ ( ၁၁:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့သွားရောက်ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#npw_may2020

Sign Up

Upcoming Events