လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၂၀) ရက်နေ့ (၀၈:ဝ၀)အချိန်မှ (၁၄:ဝဝ)အချိန်ထိ မယ်ဇလီပင်ကုန်းအုပ်စု၊ မယ်ဇလီပင်ကုန်းကျေးရွာ၊ နှုံးပို့ကုန်းကျေးရွာ၊ အရှေ့လှည်းကြောင်းပေါက်ကျေးရွာ၊ သံပုရာပင်ကုန်းကျေးရွာ နှင့် သာယာအေး ကျေးရွာများသို့ COVID -19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေး ပန်ကြားချက်များနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူများသို့ပန်ကြားချက်များအား လှည့်လည်အသိပေးခြင်းနှင့် အသိပညာပေးဗီနိုင်း ပိုစတာများ ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#mgy_may2020