Category Archives: News
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ကွမ်းသီးချောင်းကျေးရွာအုပ်စု၊ အရှေ့ရွာသစ်ကျေးရွာတွင် (၅.၅.၂၀၂၀)ရက်နေ့၌ ဖြစ်ပွားသောလေဘေးကြောင့် အမိုးလန်ပျက်စီး နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွ ေ(၅၀၀၀ဝ/-)၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၆၃၀ဝ/-)၊ စုစုပေါင်းရန်ပုံငွေ (၅၆၃၀ဝ/-)ကျပ်အား (၇.၅.၂၀၂၀)ရက်နေ့ (၁၅:၂၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2020 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့၊ အမှတ်(၂) ရပ်ကွက်၊ ထလင်းကျေးရွာ၊ ပါးမျဉ်းကျေးရွာ၊ တောရင်းကျေးရွာ၊ ထန်းပင်ကုန်းကျေးရွာ၊ ရင်းရောင်းကျေးရွာနှင့် ပုဏ္ဏားကျေးရွာတို့တွင် (၆-၅-၂၀၂၀)ရက်နေ့ (၁၄:၀၀)နာရီမှ (၁၅:၀၀) နာရီအချိန်ထိ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်သာသနိကအဆောက်အဦ(၂)လုံးအတွက် ကျောင်းဆောက်ပစ္စည်းဖိုး(၁၇၀၀၀ဝိ/-)၊ အမိုးလန် နေအိမ်(၂၂)လုံး၊ အိမ်ထောင်စု(၂၂)စု၊ လူဦးရေ (၁၀၁)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၂၈၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၂၁၂၁၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၆၆၂၁၀ဝိ/-)တို့အား (၇-၅-၂၀၂၀)ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် ထီးလင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်သဘာ၀ဘေးစီမံခန့်ခွဲမှုကော်မတီတို့နှင့်အတူ ထောက်ပံ့ခဲ့ကြောင်း … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၂၀)ရက်နေ့ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုခံစားခဲ့ရသော ကျေးရွာအုပ်စု (၆) စု ရှိ အမိုးလန်နေအိမ် (၇၈)လုံးနှင့် ပြိုလဲနေအိမ် (၄)လုံးရှိ အိမ်ထောင်စု(၈၂)စုအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၄၄၅၀၀) ကျပ် နှင့် လူဦးရေ (၂၈၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၉၄၃၀၀) ကျပ် စုစုပေါင်း ( ၃၆၃၈၈၀၀ ) ကျပ်နှင့် ပြိုလဲနေအိမ် (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ … Read more
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးပန်ကြားခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၅.၂၀၂၀)ရက်နေ့၌ သရက်ချောင်းမြို့နယ်အတွင်းရှိ စုံစင် ကျေးရွာ၊ ဝင်းဝကျေးရွာနှင့် ဂုံညှင်းဆိပ်ကျေးရွာတို့တွင် လော်စပီကာ၊ Hand Speaker တို့ဖြင့် Covid-19 လတ်တရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မိုးညှင်းမြို့ IDPs စခန်းအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၅-၂၀၂၀)ရက်နေ့ (၁၅၄၀)အချိန်၌ မိုးညှင်း မြို့၊ စိန်ပတ်ထရိတ်ဘုရားကျောင်း IDPs စခန်းရှိပြည်သူများအား COVID-19 ကူးစက်ရောဂါနှင့် ပတ်သက် ၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ အသိပညာပေးဆောင်ရွက်ခဲ့ပြီး စခန်းရှိ အိမ်ထောင်စု (၁၂) စုမှ လူဦးရေ (၆၇)ဦးအတွက် လက်ဆေးဘေစင် (၁)စုံ၊ အပူချိန်တိုင်းကိရိယာ (၁) ခု၊ Hand Speaker (၁) ခု၊ Momery Stick (၁)ခု၊ အဝတ် Mask (၁၃၄) … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့နယ်၊ ဆင်မ တောင်ကျေးရွာအုပ်စု၊ ဆင်မတောင်ကျေးရွာသို့သွားရောက်ပြီး COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှုများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_may2020 Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၂၀) ရက်နေ့ နံနက် (၀၇:၀၀) အချိန်မှ စတင်ပြီး မကွေးမြို့နယ်၊ ထုံးပေါက်တော(တောင်) ကျေးရွာ၊ ထုံးပေါက်တော (မြောက်) ကျေးရွာနှင့် ကမ်းရင်ကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင် ရန်၊ ရှောင်ရန် တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့နှင့် အတူပူးပေါင်း၍ ရပ်ကွက်၊ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။ #ar … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၂၀) ရက်နေ့ (၁၀:၃၀)နာရီအချိန်မှ (၁၆:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ် တောကြီးကျေးရွာနှင့် သောင်ကြီးကျေးရွာ တို့တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် ဗီနိုင်းပိုစတာကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_may2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာအုပ်စု၊ ရသေ့တောင်ကျေးရွာ၌ (၅-၅-၂၀၂၀) ရက်နေ့၊ (၂၁:၅၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက် ပံ့ငွေ (၂၀၀,၀၀၀) ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၁)စုမှ လူဦးရေ (၂) ဦးအတွက်(၇) ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၄,၂၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၄,၂၀၀) ကျပ်တို့ကို (၇-၅-၂၀၂၀) ရက်နေ့၊ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၂၀)နေ့ (၁၃:၃၀)အချိန် လေပြင်း တိုက်ခတ်မှုကြောင့် ကလေးမြို့နယ်၊ ကျေးရွာ(၂၆) ရွာရှိ အိမ်ခြေ (၈၂) လုံးနှင့် ဘုန်းကြီးကျောင်း (၂) ကျောင်း အမိုးလန်ပျက်စီးခဲ့ရာ အိမ်ထောင်စု(၈၄)စု၊ လူဦးရေ (၃၆၂)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇၆၀,၂၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၂၃၀,၀၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂,၉၉၀,၂၀၀/-) ကျပ်တို့ကို (၇-၅-၂၀၂၀)ရက်နေ့ (၁၅:၀၀)အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးခဲ့ကြောင်း … Read more









