လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၅-၂၀၂၀)ရက်နေ့ (၁၅၄၀)အချိန်၌ မိုးညှင်း မြို့၊ စိန်ပတ်ထရိတ်ဘုရားကျောင်း IDPs စခန်းရှိပြည်သူများအား COVID-19 ကူးစက်ရောဂါနှင့် ပတ်သက် ၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ အသိပညာပေးဆောင်ရွက်ခဲ့ပြီး စခန်းရှိ အိမ်ထောင်စု (၁၂) စုမှ လူဦးရေ (၆၇)ဦးအတွက် လက်ဆေးဘေစင် (၁)စုံ၊ အပူချိန်တိုင်းကိရိယာ (၁) ခု၊ Hand Speaker (၁) ခု၊ Momery Stick (၁)ခု၊ အဝတ် Mask (၁၃၄) ခုနှင့် အသိပညာပေးဗွီနိုင်း (၁) ခုတို့ကို ထောက်ပံ့ပေးခဲ့ ပါကြောင်းသိရှိရပါသည်။
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)