လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၂၀)နေ့ (၁၃:၃၀)အချိန် လေပြင်း တိုက်ခတ်မှုကြောင့် ကလေးမြို့နယ်၊ ကျေးရွာ(၂၆) ရွာရှိ အိမ်ခြေ (၈၂) လုံးနှင့် ဘုန်းကြီးကျောင်း (၂) ကျောင်း အမိုးလန်ပျက်စီးခဲ့ရာ အိမ်ထောင်စု(၈၄)စု၊ လူဦးရေ (၃၆၂)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇၆၀,၂၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၂၃၀,၀၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂,၉၉၀,၂၀၀/-) ကျပ်တို့ကို (၇-၅-၂၀၂၀)ရက်နေ့ (၁၅:၀၀)အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#sgg_may2020
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)