Category Archives: News
-
တိုက်ပွဲရှောင်ပြည်သူများအတွက်ဆန်အိတ်များထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ၍ ရောက်ရှိခိုလှုံလျက်ရှိသည့် စစ်တွေခရိုင် ပုဏ္ဏားကျွန်းမြို့ရှိ တိုက်ပွဲရှောင်စုရပ်(၈)ခုမှ အိမ်ထောင်စု(၄၉၄)စု၊ လူဦးရေ(၂၂၄၄)ဦးအတွက် ဆန်ရိက္ခာ(၁)လစာ ဆန်(၇၀၁)အိတ်၊ (၆)ပြည်အား (၇-၅-၂၀၂၀) ရက်နေ့တွင်လည်းကောင်း၊ စစ်တွေမြို့ရှိ တိုက်ပွဲရှောင်စုရပ်(၂)ခုမှ အိမ်ထောင်စု(၂၄)စု၊ လူဦးရေ(၉၅)ဦးအတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၁၃)အိတ်၊ (၂၀)ပြည်၊ (၄)ဗူးနှင့် တိုက်ပွဲရှောင်စုရပ်(၉)ခုမှ အိမ်ထောင်စု (၂၂၄)စု၊ လူဦးရေ(၉၂၆)ဦးအတွက် ဆန်ရိက္ခာ(၁)လစာ ဆန်(၂၈၉)အိတ်၊ (၉)ပြည်အားလည်းကောင်း (၈-၅-၂၀၂၀) ရက်နေ့တွင် စစ်တွေခရိုင်ဦးစီးမှူးရုံးမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr … Read more
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့တွင် တာချီလိတ်မြို့၊ မိုင်းဖုန်းကျေးရွာအုပ်စု၊ နောင်ကျန့်ကျေးရွာ၊ ပိန်းညောင်ကျေးရွာ တို့၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များ ကို ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့် လှည့်လည်ဆော်သြခဲ့ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဉီးစီး ဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့ နံနက်(၀၇:၀၀) အချိန်မှ စတင်ပြီး မကွေးမြို့နယ်၊ အင်တိုင်းကြီး(အရှေ့)ကျေးရွာ၊ အင်တိုင်းကြီး(အနောက်)ကျေးရွာ၊ ဒေါင်းနေကျေးရွာနှင့် သဲကြီးကုန်း ကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါ နှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့နှင့်အတူပူးပေါင်း၍ ရပ်ကွက်၊ ကျေးရွာနေပြည်သူတို့အား အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_may2020 Source: … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့တွင် မိုင်းတုံ မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ဖာချယ်ကျေးရွာ၊ ဝမ်မိုင်းကျေးရွာ၊ ဟိုပန်ကျေးရွာနှင့် စမ်းသီတာ(၅) မိုင်ကျေးရွာများသို့ လှည့်လည်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19 ကူးစက် ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့ စက်ဖြင့် လှည့်လည်ဟောပြောခြင်းများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။ #ar #shn_may2020 … Read more
-
ကွတ်ခိုင်မြို့နယ်အတွင်း IDPs စခန်းများ၌ COVID-19 ကူးစက်ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ ထုံးအိတ်များထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် COVID-19 ကူးစက် ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ (၈-၅-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ မိုင်းယု (ကုန်စုံ)နှင့် မိုင်းယုလေး စသည့် IDP Camps (၂)ခု အတွက် စခန်း(၁)ခုလျှင် ထုံး(၁၀)အိတ်နှုန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး စခန်းအတွင်းရှိ လူစုဝေးရာနေရာများ (လက်ဆေးနေရာ၊ ရေမြောင်း၊ ရေချိုးခန်း၊ အိမ်သာ၊ အမှိုက်ကန်များ) အနီးတွင် ထုံးဖြူးခြင်းအား ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #shn_may2020 Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
(Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
(၈ -၅-၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်း များသည် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ အမှတ်(၁/၂/၃/၄/၅/၆/၇)ရပ်ကွက်များတွင် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိ လိုက်နာ နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များအား ရပ်ကွက်များအတွင်း အသိပညာပေး ကြော်ငြာခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ygn_may2020 Source: ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
(၇-၅-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေး ရွာအုပ်စု၊ ဒေါတမကြီးကျေးရွာသို့ သောက်သုံးရေဂါလံ (၁,၄၀၀) ကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #kyh_may2020 Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
(၆-၅-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ ဒေါပိုရှေ့ကျေးရွာနှင့် ဒေါခူလီကျေးရွာများသို့ သောက်သုံးရေဂါလံ (၁,၄၀၀) ကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရ ပါသည်။ #ha_drg #kyh_may2020 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
(၅-၅-၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့နယ်၊ လိုဘာခိုကျေးရွာ အုပ်စု၊ ယပ်ခူကျေးရွာနှင့် လိုပူကျေးရွာအုပ်စု၊ နာယောင်လာကျေးရွာများသို့ သောက်သုံးရေဂါလံ (၁,၄၀၀) ကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #kyh_may2020 Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၈-၅-၂၀၂၀) ရက်နေ့၊ နံနက် (၀၈း၀၀) နာရီမှ ညနေ (၁၅း၃၀) နာရီချိန်ထိ တနင်္သာရီမြို့နယ်အတွင်းရှိ သဘော့လိပ်ကျေးရွာ၊ ထုံမခါကျေးရွာ၊ ညောင်ပင်ကွင်း အရှေ့ကျေးရွာ၊ ညောင်ပင်ကွင်းအနောက်ကျေးရွာများတွင်covid-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍အများပြည်သူများသိရှိ လိုက်နာဆောင်ရွက် နိုင်ရန်အတွက် အသိပညာပေးခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းများကိုမြို့နယ်ကြက်ခြေနီအဖွဲ့နှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး(ဘစမ)









