Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၈-၅-၂၀၂၀) ရက်နေ့၊ နံနက် (၀၈း၀၀) နာရီမှ ညနေ (၁၅း၃၀) နာရီချိန်ထိ တနင်္သာရီမြို့နယ်အတွင်းရှိ သဘော့လိပ်ကျေးရွာ၊ ထုံမခါကျေးရွာ၊ ညောင်ပင်ကွင်း အရှေ့ကျေးရွာ၊ ညောင်ပင်ကွင်းအနောက်ကျေးရွာများတွင်covid-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍အများပြည်သူများသိရှိ လိုက်နာဆောင်ရွက် နိုင်ရန်အတွက် အသိပညာပေးခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းများကိုမြို့နယ်ကြက်ခြေနီအဖွဲ့နှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#tny_may2020
Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events