လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့တွင် တာချီလိတ်မြို့၊ မိုင်းဖုန်းကျေးရွာအုပ်စု၊ နောင်ကျန့်ကျေးရွာ၊ ပိန်းညောင်ကျေးရွာ တို့၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များ ကို ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့် လှည့်လည်ဆော်သြခဲ့ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_may2020
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)