​ကွတ်ခိုင်မြို့နယ်အတွင်း IDPs စခန်းများ၌ COVID-19 ကူးစက်ရောဂါကာကွယ်​ရေးနှင့်ပတ်သက်၍ ထုံးအိတ်များထောက်ပံ့​မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် COVID-19 ကူးစက် ရောဂါကာကွယ်​ရေးနှင့်ပတ်သက်၍ (၈-၅-၂၀၂၀) ရက်နေ့တွင် ​ကွတ်ခိုင်မြို့နယ်အတွင်းရှိ မိုင်းယု (ကုန်စုံ)နှင့် မိုင်းယုလေး ​​စသည့် IDP Camps (၂)ခု အတွက် စခန်း(၁)ခုလျှင် ထုံး(၁၀)အိတ်နှုန်း ​ထောက်ပံ့​​ပေးအပ်ခဲ့ပြီး စခန်းအတွင်းရှိ လူစု​ဝေးရာ​နေရာများ  ​(လက်​ဆေး​​နေရာ၊ ​ရေ​မြောင်း၊ ရေချိုးခန်း၊ အိမ်သာ၊ အမှိုက်ကန်များ) အနီးတွင် ထုံးဖြူး​ခြင်းအား ဆောင်ရွက်​ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#shn_may2020

Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events