လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ၍ ရောက်ရှိခိုလှုံလျက်ရှိသည့် စစ်တွေခရိုင် ပုဏ္ဏားကျွန်းမြို့ရှိ တိုက်ပွဲရှောင်စုရပ်(၈)ခုမှ အိမ်ထောင်စု(၄၉၄)စု၊ လူဦးရေ(၂၂၄၄)ဦးအတွက် ဆန်ရိက္ခာ(၁)လစာ ဆန်(၇၀၁)အိတ်၊ (၆)ပြည်အား (၇-၅-၂၀၂၀) ရက်နေ့တွင်လည်းကောင်း၊ စစ်တွေမြို့ရှိ တိုက်ပွဲရှောင်စုရပ်(၂)ခုမှ အိမ်ထောင်စု(၂၄)စု၊ လူဦးရေ(၉၅)ဦးအတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၁၃)အိတ်၊ (၂၀)ပြည်၊ (၄)ဗူးနှင့် တိုက်ပွဲရှောင်စုရပ်(၉)ခုမှ အိမ်ထောင်စု (၂၂၄)စု၊ လူဦးရေ(၉၂၆)ဦးအတွက် ဆန်ရိက္ခာ(၁)လစာ ဆန်(၂၈၉)အိတ်၊ (၉)ပြည်အားလည်းကောင်း (၈-၅-၂၀၂၀) ရက်နေ့တွင် စစ်တွေခရိုင်ဦးစီးမှူးရုံးမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_otr
#rke_may2020
Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)