Category Archives: News
-
သစ်ပင်ပြိုလဲမှုကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့၊ အမှတ် (၄) ရပ်ကွက်၊ လွတ်လပ်ရေးရပ်၌ (၈-၅-၂၀၂၀) ရက်နေ့၊ (၀၆:၁၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော သက်တမ်းရင့် သစ်ပင်ပြိုလဲမှုကြောင့် လုံးဝပျက်စီးနေအိမ် (၃) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၂၃) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့် ပြည်သူများအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၈,၃၀ဝ/-) ကျပ်နှင့် … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့နယ်၊ နမ့်ပီးကျေးရွာ (အောက်ရွာ) အတွင်း COVID-19ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိ လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးဟောပြောခြင်း၊ အဓိကသတင်း စကား (၁၀) ချက်အား ကြေငြာခြင်း၊ Covid-19 နှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း(ဝဘာသာ၊ မြန်မာဘာသာ) နှင့် လေပြင်းဘေး၊ မုန်တိုင်းဘေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်း လုပ်ငန်းများဆောင် ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀)ရက်နေ့ ညနေ(၁၆:၀၀)နာရီအချိန်မှစတင်ပြီး ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်အုပ်စု (ငဘတ်အင်းတောင်/ မြောက် /အညာတန်း/ ရိုးတန်း၊ ဘူတာကွင်း/ ကန်ကြီးဒေါင့်၊ သံပရါကွင်း၊ လေးပစ်ကုန်း) ကျေးရွာတို့တွင် လှည့်လည်၍ လတ်တလောဖြစ်ပွားလျှက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များကို ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀) ရက်နေ့၊ နံနက်(၀၈:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဝါးစေ့မြောင်ကျေးရွာများသို့သွားရောက်ပြီး COVID -19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေး အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀)ရက်နေ့တွင်၊ နံနက်(၀၈:၀၀)နာရီမှ(၁၄:၀၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ ရေဆိုင်ကျေးရွာအုပ်စု၊ ဂွေးချောင်း ကျေးရွာ၊ ချောင်တောင်ကျေးရွာ၊ မလေးဆိပ်ကျေးရွာ၊ ကံ့ကော်ကုန်းကျေးရွာ၊ စမ်းချောင်းကျေးရွာများသို့သွားရောက်၍ COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား လှည့်လည်၍ အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: လပွတ္တာခရိုင်ဉီးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)အချိန်မှ (၁၅:၃၀) အချိန်ထိ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာနှင့် ဘောကထကျေးရွာများအတွင်းရှိ လမ်းဆုံလမ်းခွ များနှင့် လူစည်ကားရာနေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင် ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်အသိပေး ကြေငြာခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_may2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဖားကန့်မြို့နယ်ရှိ IDPsစခန်းများတွင် အပူချိန်တိုင်းကိရိယာများ၊ Mask များ၊ လက်သန့်စင်ဆေးရည်နှင့် လက်ဆေးဘေးစင်များ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀)ရက်နေ့တွင် ဖားကန့်မြို့နယ်ရှိ နမ္မဖြစ် COC ဘုရား ကျောင်း၊ နမ္မဖြစ်ကက်တလစ်ဘုရားကျောင်း၊ နမ္မဖြစ်နှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူယူမာနှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူရဝမ်နှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူလီဆူးနှစ်ခြင်းဘုရားကျောင်း၊ ဆိပ်မူဆိုင်းတောင်နှစ်ခြင်းဘုရားကျောင်း နှင့် ဆိပ်မူရပ်ကွက်(၄)နှစ်ခြင်းဘုရားကျောင်း၊ IDPs စခန်း(၈)ခုမှ အိမ်ထောင်စု(၂၄၇)စု၊ လူဦးရေ(၁၂၁၈) ဦးအတွက် လက်ဆေးစင်(၉)စုံ၊ အဝတ်Mask(၂၄၃၆)ခု၊ အပူချိန်တိုင်းကိရိယာ(၈)ခု၊ လက်သန့်စင်ဆေးရည်(၄၉၄)ဗူး၊ Hand Speaker(၈)ခု၊ Memory Stick(၈)ခုနှင့် အသိပညာပေးဗွီနိုင်းပိုစတာ(၈)ချပ်တို့အား သွားရောက်ထောက်ပံ့ပေး ခဲ့ကြောင်း သိရှိရပါသည်။ #kcn_may2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စဉ့်ကူးမြို့နယ်၊ လက်ပန်လှ ကျေးရွာအုပ်စု၊ ပင်လယ်ကြီးကျေးရွာ၌ (၉-၅-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွါးခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၂၃)ဦး မီးဘေးသင့်ခဲ့ပြီး အဆိုပါမီးဘေးသင့်အိမ်ထောင်စု (၃)စုအတွက် စုစုပေါင်း(၃၄,၇၅၃)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ လူဦးရေ(၂၃)ဦးအတွက် ဆန်ရိက္ခါဖိုးထောက်ပံ့ငွေ (၄၈,၃၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၆၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့မှုငွေ (၄၁၂,၅၅၉) ကျပ်တို့ကို (၁၀-၅-၂၀၂၀)ရက်နေ့ (၁၂:၀၀)အချိန်တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #mdy_may2020 Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ပေပင်စမ်းကျေးရွာအုပ်စု၊ တည်ပင်ကန်ကျေးရွာတွင် (၉-၅-၂၀၂၀) ရက်နေ့တွင် မီးဘေးဖြစ်ပွားမှုကြောင့် ဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၂) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀)ကျပ်၊ လူဦးရေ(၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄,၂၀၀) ကျပ်၊ စုစုပေါင်း(၁၀၄,၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၁) စုစာတို့အား (၁၀-၅-၂၀၂၀) ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
(Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးလှည့်လည်ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲ မှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထိန်ဟောင်းကျေးရွာ၊ ကျွန်းမွှေးကျေးရွာ တို့တွင် လော်စပီကာ တို့ဖြင့် (Covid-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာ ခြင်းနှင့် အသိပညာပေး ဗီနိုင်းပိုစတာများ ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_may2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









