COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့နယ်၊ နမ့်ပီးကျေးရွာ (အောက်ရွာ) အတွင်း COVID-19ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိ လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးဟောပြောခြင်း၊ အဓိကသတင်း  စကား (၁၀) ချက်အား ကြေငြာခြင်း၊  Covid-19 နှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း(ဝဘာသာ၊ မြန်မာဘာသာ) နှင့် လေပြင်းဘေး၊ မုန်တိုင်းဘေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်း လုပ်ငန်းများဆောင် ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_may2020

Source:  ဟိုပန်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events