Category Archives: News
-
မီးဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့တွင် ၊ တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုန်းကျေးရွာအုပ်စု၊ ကွင်းမြင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၆,၃၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ အိမ်ထောင်စု (၂) စုစာတို့အား (၁၂-၅-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) အချိန်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၅.၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ပိန်းချစ်ကျေးရွာအုပ်စု၊ ခုတ်လောကျေးရွာ၊ နန်းနောက်ကျေးရွာ၊ ဝမ်ကုန်းကျေးရွာ၊ တနောင်ညွန့်ကျေးရွာနှင့် သာယုကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆော်ဩခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၁၁.၅.၂၀၂၀၀နေ့ မြိတ်မြို့နယ်၊ ပသောင်းကျေးရွာ၊ ရှမ်းတောင်ကျေးရွာ၊ တက်လက်ငယ်ကျေးရွာ၊ တောင်ပုလဲကျေးရွာတို့တွင် COVID19ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းတို့ကို ရပ်ကျေးအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
(Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးလှည့်လည်ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၁-၅-၂၀၂၀)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဂန့်ကော်တော ကျေးရွာအုန်းပင်ကွင်းကျေးရွာ တို့တွင် လော်စပီကာ တို့ဖြင့် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းနှင့် အသိပညာပေး ဗီနိုင်းပိုစတာများကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_may2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း ၍ (၁၁-၅-၂၀၂၀)ရက်နေ့တွင် သဘော့ကျေးရွာအုပ်စုရှိ မအူကုန်းကျေးရွာ၊ သဘော့ကျေးရွာ၊ ငွေသဇင် ကျေးရွာများ၊ ပွတ်ကုန်းကျေးရွာအုပ်စုရှိ လက်ပန်ကုန်းကျေးရွာ၊ ဇီးဖြူကွင်းကျေးရွာ၊ အုတ်တွင်းကျေးရွာ၊မြေရဲကွင်းကျေးရွာများအတွင်းရှိ ပြည်သူများအား Covid- 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ အသိပညာပေး ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများ အလွယ်တကူ သိရှိလိုက်နာနိုင် ရေးအတွက် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို … Read more
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ ပန်ကြူ ကျေးရွာအုပ်စု၊ ပန်ယောင်းကျေးရွာနှင့် နမ့်ကွီကျေးရွာ၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ဟွေဟိကျေးရွာ၊ ပေါ်ဖာ ကျေးရွာ၊ ကောင်းဆန်းကျေးရွာ၊ ဝမ်လင်းကျေးရွာ၊ နောင်ပလာကျေးရွာနှင့် ဟွေယုတ်ကျေးရွာတို့တွင် (၁၁-၅-၂၀၂၀) ရက်နေ့၊ (၀၇:၁၅) အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် စုစုပေါင်း နေအိမ် (၂၂) လုံး၊ အိမ်ထောင်စု (၂၂) စု၊ လူဦးရေ စုစုပေါင်း (၁၃၉) ဦးတို့ လေဘေးသင့်ခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှာ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့တွင် မီးဘေး ဖြစ်ပွားခဲ့ရာ မြင်းမူမြို့နယ်၊ စိုင်မြစ်ကျေးရွာမှ ဘေးသင့်အိမ်ခြေ (၄၅) လုံး၊ အိမ်ထောင်စု (၅၂) စုမှ လူဦးရေ (၁၈၁) ဦးအတွက် ဆန်ရိက္ခာဖိုး (၃၈၀,၁၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၅,၈၀၀,၀၀၀) ကျပ်၊ စုစုပေါင်း (၆,၁၈၀,၁၀၀) ကျပ်နှင့် (၅၂)အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးစီ တို့ကို (၁၁-၅-၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir … Read more
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ထုံးအိတ်၊ အပူချိန်တိုင်းကိရိယာနှင့် လက်ဆေးဆပ်ပြာများ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်း ပန်ကူIDP(camps)ရှိ အိမ်ထောင်စု(၁၀၅)စုမှ လူဦးရေ (၆၃၆)ဦးအတွက် ထုံး(၁၀)အိတ်၊ အပူချိန်တိုင်းစက်(၁)ခုနှင့် လက်ဆေးဆပ်ပြာ (၁)ဦးလျှင် (၂)ခဲနှုန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး စခန်းအတွင်းရှိ လူစုဝေးရာနေရာများအနီး၌ ထုံးဖြူးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #shn_may2020 Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ရွှေမောင်းဂွက်ကျေးရွာအုပ်စု၊ ရွှေမြင့်မိုရ်ကျေးရွာနှင့် သံပုကုန်းကျေးရွာအုပ်စု၊ သဲချောင်းကျေးရွာတို့၌ (၁၀-၅-၂၀၂၀) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်နှင့် (၁၄:၃၀) နာရီအချိန်တို့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၂)လုံး၊ လူဦးရေ (၇) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၉,၀၀၀/-) ကျပ်တို့ကို (၁၁-၅-၂၀၂၀)ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #npw_may2020 … Read more
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မူဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ သည် (၁၁-၅-၂၀၂၀) ရက်နေ့တွင် ဗမာတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီးနှင့်အတူ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် (၁၀-၅-၂၀၂၀) ရက်နေ့ ညနေပိုင်းက လေပြင်းဒဏ်ခံစားရမူကြောင့် ထိခိုက်ပျက်စီးမှုကြုံတွေ့ခဲ့ရသောကျေးရွာအုပ်စု (၂) စု၊ ကျေးရွာပေါင်း (၅)ရွာမှ ပြိုလဲပျက်စီးနေအိမ်၁လုံး အမိုးလန်ထိခိုက်ပျက်စီးနေအိမ် (၁၄၆) လုံး၊ အမိုးလန် ဘုန်းတော်ကြီးကျောင်း (၃)ကျောင်းနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း (၁)ကျောင်းအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၁၀,၄၀၅,၀၀၀)ကျပ်နှင့် လူဦးရေ (၆၉၀) ဦးအတွက် ဆန်ရိက္ခာ (၃) ရက်စာ (၆၂၁,၀၀၀)ကျပ်၊ … Read more









