လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မူဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ သည် (၁၁-၅-၂၀၂၀) ရက်နေ့တွင် ဗမာတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီးနှင့်အတူ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် (၁၀-၅-၂၀၂၀) ရက်နေ့ ညနေပိုင်းက လေပြင်းဒဏ်ခံစားရမူကြောင့် ထိခိုက်ပျက်စီးမှုကြုံတွေ့ခဲ့ရသောကျေးရွာအုပ်စု (၂) စု၊ ကျေးရွာပေါင်း (၅)ရွာမှ ပြိုလဲပျက်စီးနေအိမ်၁လုံး အမိုးလန်ထိခိုက်ပျက်စီးနေအိမ် (၁၄၆) လုံး၊ အမိုးလန် ဘုန်းတော်ကြီးကျောင်း (၃)ကျောင်းနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း (၁)ကျောင်းအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၁၀,၄၀၅,၀၀၀)ကျပ်နှင့် လူဦးရေ (၆၉၀) ဦးအတွက် ဆန်ရိက္ခာ (၃) ရက်စာ (၆၂၁,၀၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁,၀၂၆,၀၀၀)ကျပ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှအလားတူ ထောက်ပံငွေ (၆,၁၀၀,၀၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၇၁) သိန်းကျော်နှင့် အိမ်ထောင်စု (၁)စုလျှင် ကယ်ဆယ်ရေး ပစ္စည်း (၁၇) မျိုးစီတို့ကို ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)