Category Archives: News
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးထားဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀)ရ က်နေ့တွင် ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာ အုပ်စုအတွင်း ရှိ ကျေးရွာ ခွဲ(၄)ရွာ၌ Covid-19 ရောဂါကူးစက် ပျံ့ပွားမှုများ မဖြစ်ပွားစေရန်တွက် အများပြည်သူ သိရှိလိုက်နာဆောင်ရွက်ရန် အချက်များ အား လော်စပီကာ၊ ဟန်းစပီကာများဖြင့် လှည့်လည်ဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေးဆော်ဩခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး မှ တာ၀န်ရှိသူများသည် (၁၂ – ၅ -၂၀၂၀)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့်ပူပေါင်း၍ ကျိုင်းတုံ -တာချီလိတ်၊ နောင်နွန်းစုပေါင်းဂိတ်၌ ကျိုင်းတုံမြို့တွင်းသို့အ၀င် /အထွက် ယာဉ်လိုင်းများတွင်စီးနှင်းလိုက်ပါသော ခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ဖာပယ်အဲကျေးရွာ၊ ပန်လီကျေးရွာနှင့် ပန်လီ(ကချင်)ကျေးရွာတို့တွင် လတ်တစ်လော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွား လျက်ရှိသော COVID – 19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရန် … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀) ရက်နေ့တွင်၊ ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ခိုးရားခူကျေးရွာနှင့် ဒိုးပရယ်ကျေးရွာအုပ်စု၊ ဝှယ်သူ တော်ကျေးရွာများသို့ သောက်သုံးရေဂါလံ (၁,၄၀၀) ကို သွားရောက်လှူဒါန်းခဲ့ပါကြောင်းသတင်း ရရှိပါသည်။ #ha_drg #kyh_may2020 Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၂-၅-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီ အချိန်မှ(၁၃:၃၀) နာရီအချိန်ထိမွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအုပ်စု ဇရစ်ချောင်ကျေးရွာ၊ ဘိုးသကြားရပ်ကွက်၊ ဘောဂရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ အောင် မင်္ဂလာရပ်ကွက်၊ လေသာကုန်းအနောက်ရပ်ကွက်၊ အလံတရာရသေ့မတန်းရပ်ကွက်တို့တွင် COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် ဗွီနိုင်းပိုစတာ ကပ်ခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_may2020
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့ တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါကော့ကျေးရွာနှင့် ဆင်တောင်ကျေးရွာ အုပ်စု၊ လီဝိုးကျေးရွာများသို့ သောက်သုံးရေဂါလံ (၃,၂၀၀) အား သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_may2020 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးထားဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သရက် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ သရက် မြို့နယ်၌ (၁၁.၅.၂၀၂၀)ရက်နေ့၊ (၁၆:၀၀)နာရီမှ (၁၆:၁၅)အချိန် အထိ ကျေးရွာအုပ်စု(၂)စု၊ ကျေးရွာ(၂)ရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၉)လုံး၊ ဘုန်းတော်ကြီးကျောင်း(၁) ကျောင်း အမိုးလန်ပျက်စီးခဲ့ပြီး အဆိုပါလေဘေးသင့် ဘုန်းတော်ကြီး ကျောင်း(၁)ကျောင်း၊ အိမ်ထောင်စု(၉)စု၊ လူဦးရေ(၃၁)ဦးတို့ အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၆၅၁၀ဝ/-)၊ အိမ်ဆောက်/ကျောင်း ဆောက်ပစ္စည်းဖိုး (၃၀၀၀၀ဝ/-)၊ ရန်ပုံငွေစုစုပေါင်း (၃၆၅၁၀ဝ/-)ကျပ်တို့အား (၁၂.၅.၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီး … Read more
-
Covid-19 ကူးစက်ရောဂါအသိပညာပေးဆောင်ရွက်ခြင်းနှင့် ဗီနိုင်းပိုစတာများဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့ (၀၇:ဝ၀)အချိန်မှ (၁၄:ဝဝ)အချိန်ထိ ပခုက္ကူမြို့ပေါ်ရပ်ကွက်များသို့ COVID -19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေးပန်ကြားချက်များနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူများသို့ပန်ကြားချက်များအား လှည့်လည်အသိပေးခြင်းနှင့် အသိပညာပေးဗီနိုင်းပိုစတာများဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေးဆော်ဩခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးထားဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၅.၂၀၂၀) ရက်နေ့တွင်၊ နံနက်(၀၈:၀၀)နာရီမှ (၁၃:၀၀)နာရီအချိန်အထိ ကလေးမြို့ပေါ်ရှိ တပ်ဦးသီတာရပ်ကွက်၊တောင်ဖီလာရပ်ကွက် ၊သဇင်ရပ်ကွက် ၊ စမ်းမြို့ရပ်ကွက်၊ တာဟန်းရပ်ကွက် ၊ကြို့သုံးပင်ရပ်ကွက်၊ လှိုင်သာယာရပ်ကွက်၊ ကလေးမြို့ စက်မှုဇုံ ၊ အင်ဒိုင်းကုန်းရပ်ကွက် ၊မြို့လှရပ်ကွက်၊ အောင်ဇေယျရပ်ကွက် နှင့်အောင်မြေမာန်ရပ်ကွက်များသို့သွားရောက်၍ COVID – 19 နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် လှည့်လည်၍ အသိပညာပေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးထားဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သရက် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ အောင်လံမြို့နယ်၌ (၁၁-၅-၂၀၂၀)ရက်နေ့၊ (၁၇:၃၀)နာရီမှ (၁၇:၄၅) အချိန်အထိ ကျေးရွာအုပ်စု(၄)စု၊ ကျေးရွာ (၄) ရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၂၃)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၂၃)စု၊ လူဦးရေ (၈၁) ဦးလေဘေးသင့်ခဲ့ရာ လေဘေးသင့် အိမ်ထောင်စု (၂၃) စု၊ လူဦးရေ (၈၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၇၀၁၀ဝ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၄၆၀၀ဝ/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၆၁၆၁၀ဝ/-)ကျပ်တို့အား (၁၂.၅.၂၀၂၀) ရက်နေ့၊ နံနက် … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆင်ပေါင်ဝဲ မြို့နယ်၊ ဂွေးတောက်ကျေးရွာအုပ်စု၊ ဂွေးတောက်ကျေးရွာ၊ ဝန်ကုန်းကျေးရွာ၊ဖောင်အိုင်ကျေးရွာ၊ ကျောက်မြေကျေးရွာများသို့သွားရောက်ပြီး COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှုများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_may2020









