လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးထားဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သရက် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ အောင်လံမြို့နယ်၌ (၁၁-၅-၂၀၂၀)ရက်နေ့၊ (၁၇:၃၀)နာရီမှ (၁၇:၄၅) အချိန်အထိ ကျေးရွာအုပ်စု(၄)စု၊ ကျေးရွာ (၄) ရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၂၃)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၂၃)စု၊ လူဦးရေ (၈၁) ဦးလေဘေးသင့်ခဲ့ရာ လေဘေးသင့် အိမ်ထောင်စု (၂၃) စု၊ လူဦးရေ (၈၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၇၀၁၀ဝ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၄၆၀၀ဝ/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၆၁၆၁၀ဝ/-)ကျပ်တို့အား (၁၂.၅.၂၀၂၀) ရက်နေ့၊ နံနက် (၁၂:၀၀) နာရီအချိန်တွင် အောင်လံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ရှေ့မှောက်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2020
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)