လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး မှ တာ၀န်ရှိသူများသည် (၁၂ – ၅ -၂၀၂၀)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့်ပူပေါင်း၍ ကျိုင်းတုံ -တာချီလိတ်၊ နောင်နွန်းစုပေါင်းဂိတ်၌ ကျိုင်းတုံမြို့တွင်းသို့အ၀င် /အထွက် ယာဉ်လိုင်းများတွင်စီးနှင်းလိုက်ပါသော ခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ဖာပယ်အဲကျေးရွာ၊ ပန်လီကျေးရွာနှင့် ပန်လီ(ကချင်)ကျေးရွာတို့တွင် လတ်တစ်လော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွား လျက်ရှိသော COVID – 19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များကိုအသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_may2020
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)