လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးထားဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သရက် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ သရက် မြို့နယ်၌ (၁၁.၅.၂၀၂၀)ရက်နေ့၊ (၁၆:၀၀)နာရီမှ (၁၆:၁၅)အချိန် အထိ ကျေးရွာအုပ်စု(၂)စု၊ ကျေးရွာ(၂)ရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၉)လုံး၊ ဘုန်းတော်ကြီးကျောင်း(၁) ကျောင်း အမိုးလန်ပျက်စီးခဲ့ပြီး အဆိုပါလေဘေးသင့် ဘုန်းတော်ကြီး ကျောင်း(၁)ကျောင်း၊ အိမ်ထောင်စု(၉)စု၊ လူဦးရေ(၃၁)ဦးတို့ အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၆၅၁၀ဝ/-)၊ အိမ်ဆောက်/ကျောင်း ဆောက်ပစ္စည်းဖိုး (၃၀၀၀၀ဝ/-)၊ ရန်ပုံငွေစုစုပေါင်း (၃၆၅၁၀ဝ/-)ကျပ်တို့အား (၁၂.၅.၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2020
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)