လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးထားဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၅.၂၀၂၀) ရက်နေ့တွင်၊ နံနက်(၀၈:၀၀)နာရီမှ (၁၃:၀၀)နာရီအချိန်အထိ ကလေးမြို့ပေါ်ရှိ တပ်ဦးသီတာရပ်ကွက်၊တောင်ဖီလာရပ်ကွက် ၊သဇင်ရပ်ကွက် ၊ စမ်းမြို့ရပ်ကွက်၊ တာဟန်းရပ်ကွက် ၊ကြို့သုံးပင်ရပ်ကွက်၊ လှိုင်သာယာရပ်ကွက်၊ ကလေးမြို့ စက်မှုဇုံ ၊ အင်ဒိုင်းကုန်းရပ်ကွက် ၊မြို့လှရပ်ကွက်၊ အောင်ဇေယျရပ်ကွက် နှင့်အောင်မြေမာန်ရပ်ကွက်များသို့သွားရောက်၍ COVID – 19 နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် လှည့်လည်၍ အသိပညာပေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#sgg_may2020
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)