Category Archives: News
-
COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကြီးကျေးရွာ၊ လယ်ဆောကျေးရွာ၊ မိအယ်ကျေးရွာနှင့် ပန်းဆန်ကျေးရွာများသို့ (၂၁-၅-၂၀၂၀) ရက်နေ့ (၀၉:၀၀) နာရီမှ (၁၅:၀၀) နာရီအချိန်ထိ COVID-19ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာ ပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။ #ar #mgy_may2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
(၂၁-၅-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ သည် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၁/၂/) ရပ်ကွက်၊ (က/ခ/ဂ/ဃ/စ) ရပ်ကွက်တို့တွင် (Covid-19)အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောအသိပေးကြေငြာချက် များအား ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ygn_may2020 Source: ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀) ရက်နေ့တွင် (၀၉:၀၀) နာရီ၌ ဘိုကလေးမြို့နယ်၊ ကံစုအနောက်ကျေးရွာအုပ်စု၊ ကံစုအနောက်ကျေးရွာတွင်လည်းကောင်း၊ (၁၀:၃၀) နာရီ၌ ညောင်လန်းစုကျေးရွာတွင်လည်းကောင်း၊ (၁၁:၃၀)နာရီ၌ စာဖြူစုကျေးရွာတွင်လည်း ကောင်း၊ (၁၃:၃၀) နာရီ၌ ကကောင်းလေးကျေးရွာတွင်လည်းကောင်း၊ (၁၅:၀၀)နာရီ၌ တင်းကုတ်ကြီး ကျေးရွာတွင်လည်းကောင်း၊ (၁၆:၀၀) နာရီ၌ ကျုံချဥ်ကျေးရွာတွင်လည်းကောင်း Covid- 19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များနှိုးဆော်ခြင်းအား ကျေးရွာရှိအုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာနေပြည်သူများကို အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း … Read more
-
COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀) ရက်နေ့ မြိတ်မြို့နယ်၊ ကြံတောရပ်၊ ထုံးဖိုရပ်နှင့် လမင်းရပ်တို့တွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းတို့ကို သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_may2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀) ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ သူဌေးကုန်းကျေးရွာနှင့်မြတောင်ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_may2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၅:၀၀)နာရီအချိန်အထိ လယ်ဝေးမြို့နယ်၊ ဥသျှစ်လှိုင်းကျေးရွာအုပ်စု၊ ဥသျှစ်လှိုင်းကျေးရွာ၊ ချင်ပြစ်ကျေးရွာ၊ ကျောက်မီးကူကျေးရွာ၊ ပေပင်ကျေးရွာ၊ ထိန်တောကျေးရွာနှင့် အောင်မင်္ဂလာကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_may2020 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
ငလျင်ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ငလျင်လှုပ်ခတ်မှုကြောင့် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၌ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂)လုံးဘေးသင့်ခဲ့ရာ နေအိမ်(၁)လုံးလျှင် (၁၀၀,၀၀၀/-)ကျပ်နှုန်းစီဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်ကို (၂၁-၅-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_eqk #chn_may2020 Source: ချင်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ လက်သန့်ဆေးရည်၊ နှာခေါင်းစည်းများထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မြန်မာ့နှလုံးသားလူမှုဖွံ့ဖြိုးမှုအဖွဲ့(MHDO) တို့နှင့်ပူးပေါင်း၍ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကွတ်ခိုင် မြို့နယ်အတွင်း IDP(camps) မုံးစီးကာသိုလိပ်ဘုရားကျောင်းရှိ အိမ်ထောင်စု (၂၃)စု၊ လူဦးရေ (၁၅၇)ဦး၊ မုံးစီးပန်ယန်ခါးရှိ အိမ်ထောင်စု(၄၅)စု၊ လူဦးရေ (၃၁၉)ဦးတို့အတွက် (၁)ဦးလျှင် အဝတ်နှာခေါင်းစည်း (၂)ခုနှုန်းစီ၊ အိမ်ထောင်စု(၁)စုလျှင် ရေမလိုလက်သန့်ဆေးရည် (၂)ဘူးနှုန်းစီ စုစုပေါင်းအဝတ်နှာခေါင်းစည်း (၉၅၂)ခု၊ ရေမလိုလက်သန့်ဆေးရည် (၁၃၆)ဘူးတို့ကို ထောက်ပံ့ပေးခဲ့ပြီး အဝတ်နှာခေါင်းစည်းအား စနစ်တကျအသုံးပြုနည်း ဗီနိုင်းပိုစတာကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့သို့ PPE ဝတ်စုံနှင့် MASK များ လာရောက်လှူဒါန်း
မေလ ၂၁ ရက်နေ့၊ နေပြည်တော် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ COVID-19 ကြိုတင်ကာကွယ်ရေးဆောင်ရွက်နေသော Volunteers များ အသုံးပြုရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရှိ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏ အတွင်းရေးမှူးရုံးသို့ ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ PPE ဝတ်စုံ(၂၀၀)နှင့် MASK (၅၀၀၀)နှင့် မွန်းလွဲပိုင်းတွင် “စု” အသက်မွေးဝမ်းကျောင်းသိပံ္ပကျောင်း(ရွှေပြည်သာ) နည်းပညာနှင့် ဘာသာစကားပညာဒါနသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများနှင့် စေတနာ့ ဝန်ထမ်းများက IDP စခန်းနှင့် တိုက်ပွဲရှောင်စခန်းများအတွက် အဝတ်ပိတ် Mask (၇၀၀၀)ခုနှင့် Quarantine Center … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ စက္ကော့ရေလယ်ကျွန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၆) ရွာ၌ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေးအသံဖိုင်အား ဖွင့်လှစ်၍ အသိပညာပေးခြင်း၊ လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)









