Category Archives: News
-
မုန်တိုင်းဘေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောင်းဆုံမြို့နယ်အတွင်း သဘာဝဘေးဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေ ရေး ပြည်သူများအား သဘာဝဘေးအသိပညာဗဟုသုတများရရှိစေရန်နှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို သိရှိနိုင်စေရန် အတွက် ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာ၊ ဘော်လုံးကွင်းအရှေ့၊ စျေးအနီးတွင် စိုက်ထူထားသော အလျား (၉ )ပေ၊ အနံ (၆)ပေရှိ မီးဘေးအသိပညာပေးဗီနိုင်းပိုစတာအစား မုန်တိုင်းဘေးအသိပညာပေး ဗီနိုင်းပိုစတာအား (၂၂-၅-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီ အချိန်တွင် ပြောင်းလဲတပ်ဆင်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_str #mon_may2020 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၂၀)ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ ကိုင်းတောကွင်းအုပ်စု၊ ကိုင်းတောကွင်းကျေးရွာ၌ ဖြစ်ပွားသော လေဘေးကြောင့် အမိုးလန် အိမ်ထောင်စုဝါး(၁)စုတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၃၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံဖိုးငွေ (၆,၃၀၀ိ/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၃၆,၃၀၀ိ/-)ကျပ်တို့အား (၂၂-၅-၂၀၂၀)ရက်နေ့ (၁၂:၅၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_may2020
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၂၀) ရက်နေ့ ၊ နံနက်(၀၈:၀၀)နာရီမှ(၁၁:၀၀)နာရီအချိန်ထိ ဖာပွန်မြို့နယ်အတွင်းရှိ ကရှမ်းကျေးရွာ၊ ကတောင်သူကျေးရွာ၊ ပိုမာတဲကျေးရွာနှင့် ထီးသဲလေကျေးရွာများသို့ COVID -(19) ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် အသံချဲ့စက်ဖြင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_may2020 Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
မေလ ၂၁ ရက် ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများ နှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ယနေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ ရောဘတ်ကျောင်းIDP စခန်းနှင့် နှစ်ခြင်း IDP စခန်းများသို့ သွားရောက်၍ လက်သန့်ဆေးရည်(၁,၂၇၈)ဗူး၊ ဆပ်ပြာ(၄,၀၀၅)ခဲ၊ ထုံးအိတ်(၂၀)အိတ်နှင့် အပူချိန်တိုင်း ကိရိယာ(၁)ခု၊ လက်ဆေးစင်(၁၆)ခု၊ … Read more
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၅.၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ကျွန်းဦးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၅)ရွာရှိ ပြည်သူများအား Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေးအသံဖိုင်အား ဖွင့်လှစ်၍ အသိပညာပေး လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျေးရွာအုပ်စု(၅)စု၊ (၁၈.၅.၂၀၂၀)ရက်နေ့(၁၇:၀၀)နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၂၄၀၀၀)ကျပ်အား (၂၀.၅.၂၀၂၀)ရက်နေ့(၁၀:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်မြန်ရောဂါနှင့်စပ်လျဉ်းသော သိရှိလိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသော ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ( ၂၁.၅.၂၀၂၀)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ တဖိုကျေးရွာနှင့်ဘိုးလျားကျေးရွာ၊ ဒီးမော့ဆိုကျေးရွာအုပ်စု၊ ဒေါတမငယ်ကျေးရွာများရှိ ပြည်သူများအား COVID-19ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သတ်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သင်္ကန်းပင်ဆိပ်ကျေးရွာအုပ်စု၊ သင်္ကန်းပင်ဆိပ်ကျေးရွာ၊ သောင်ရွာကျေးရွာ၊ မယင်းချောင်ကျေးရွာတို့၌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာရှိတာ၀န်ရှိသူများနှင့်အတူ (၂၁-၅-၂၀၂၀)ရက်နေ့၌ (၁၁:၃၀)နာရီအချိန်၌ လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်မြေသာစံမြို့နယ်၊ အမရဌာနီရပ်ကွက်၌ (၁၀-၅-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန်အိမ်(၁)လုံး၊ ပြိုကျအိမ်(၁)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၅)ဦး လေဘေးသင့်ခဲ့ပြီး အဆိုပါလေလေးသင့် အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၂၀၀,၀၀၀)၊ လူဦးရေ(၁၅)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ်(၃၅,၅၀၀)နှင့် ပြိုကျအိမ်ထောင်စု(၁)စုအတွက် စုစုပေါင်းငွေကျပ် (၃၄,၇၅၃)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၂၃၁,၅၀၀)အား (၂၁-၅-၂၀၂၀)ရက်နေ့(၁၄း၁၅)အချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mdy_may2020 Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပရဟိတအဖွဲ့နင့် ဌာနဆိုင်ရာများဖြင့်ပူးပေါင်း၍ (၂၁-၅-၂၀၂၀) ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသည့် COVID-19 ရောဂါကြိုတင် ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်းယာဉ်ဝင်/ထွက်အတွက်စီးနင်းလိုက်ပါလာသောခရီးသည်များ အား ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအားစာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_may2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)









