မုန်တိုင်းဘေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောင်းဆုံမြို့နယ်အတွင်း သဘာဝဘေးဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေ ရေး ပြည်သူများအား သဘာဝဘေးအသိပညာဗဟုသုတများရရှိစေရန်နှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို သိရှိနိုင်စေရန် အတွက် ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာ၊ ဘော်လုံးကွင်းအရှေ့၊ စျေးအနီးတွင် စိုက်ထူထားသော အလျား (၉ )ပေ၊ အနံ (၆)ပေရှိ မီးဘေးအသိပညာပေးဗီနိုင်းပိုစတာအစား မုန်တိုင်းဘေးအသိပညာပေး ဗီနိုင်းပိုစတာအား (၂၂-၅-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီ အချိန်တွင် ပြောင်းလဲတပ်ဆင်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ar_str
#mon_may2020

Source:  ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events