လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်မြေသာစံမြို့နယ်၊ အမရဌာနီရပ်ကွက်၌ (၁၀-၅-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန်အိမ်(၁)လုံး၊ ပြိုကျအိမ်(၁)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၅)ဦး လေဘေးသင့်ခဲ့ပြီး အဆိုပါလေလေးသင့် အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၂၀၀,၀၀၀)၊ လူဦးရေ(၁၅)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ်(၃၅,၅၀၀)နှင့် ပြိုကျအိမ်ထောင်စု(၁)စုအတွက် စုစုပေါင်းငွေကျပ် (၃၄,၇၅၃)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၂၃၁,၅၀၀)အား (၂၁-၅-၂၀၂၀)ရက်နေ့(၁၄း၁၅)အချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#mdy_may2020

Source:       မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events