လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျေးရွာအုပ်စု(၅)စု၊ (၁၈.၅.၂၀၂၀)ရက်နေ့(၁၇:၀၀)နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၂၄၀၀၀)ကျပ်အား (၂၀.၅.၂၀၂၀)ရက်နေ့(၁၀:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_may2020
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)