ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

မေလ ၂၁ ရက် ၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများ နှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ယနေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ ရောဘတ်ကျောင်းIDP စခန်းနှင့်  နှစ်ခြင်း IDP စခန်းများသို့ သွားရောက်၍ လက်သန့်ဆေးရည်(၁,၂၇၈)ဗူး၊ ဆပ်ပြာ(၄,၀၀၅)ခဲ၊ ထုံးအိတ်(၂၀)အိတ်နှင့် အပူချိန်တိုင်း ကိရိယာ(၁)ခု၊ လက်ဆေးစင်(၁၆)ခု၊ အဝတ် Mask (၈,၀၁၀)ခု၊ Hand Speaker (၂)ခုနှင့် COVID-19 အသိပညာပေးအသံဖိုင် ထည့်သွင်းထားသော Memory Stick (၂)ခုတို့အား ထောက်ပံ့ခဲ့ပါသည်။

အလားတူ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ရှိ မုံးစီးကာသိုလိပ် ဘုရားကျောင်း IDP စခန်းသို့  သွားရောက်၍   အဝတ် Mask (၉၅၂)ခု၊ လက်သန့်ဆေးရည် (Hand gel) (၁၃၆)ဗူးနှင့် ဗီနိုင်း(၂)ချပ် တို့အား ထောက်ပံ့ခဲ့ပါသည်။

ထို့အပြင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ အောက်သင် ပုန်းတန်း၊ ဖားကြွယ်ဝ ဘုန်းတော်ကြီးကျောင်း၊ အထက်မြက်လှဲ ဘုန်းတော်ကြီးကျောင်း၊ ဗန်းဗွီးကျေးရွာ စာသင်ကျောင်း၊ ကွမ်းတောင်ကျေးရွာ၊ ခွေးသေကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ခေမာရာမ ဘုန်းတော်ကြီးကျောင်း၊ အောင်မင်္ဂလာဘုန်းတော်ကြီး ကျောင်း၊ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်း၊ စက်မှုဇုန်တိုက်ပွဲရှောင် စခန်း၊ အ.မ.က(မူလွန်-၂)စာသင်ကျောင်း၊ အ.မ.က(မူလွန်-၃) စာသင်ကျောင်း၊ စေတီပြင်ကျေးရွာ တိုက်ပွဲရှောင်စခန်းများနှင့် ရသေ့တောင်မြို့နယ်ရှိ တောင်ရင်းတန်း၊ အရှေ့မြောက်၊ အရှေ့တောင်၊ ချောင်းဝ တိုက်ပွဲရှောင်စခန်းများ စုစုပေါင်းတိုက်ပွဲရှောင် စခန်း(၁၇) ခုတို့တွင် လက်သန့်ဆေးရည် (၃,၁၇၀)ဗူး၊ ထုံးအိတ်(၁၃၀)အိတ်နှင့် အပူချိန်တိုင်း ကိရိယာ(၁၇)ခု၊ လက်ဆေးစင်(၁၇)ခု၊ Surgical Mask (၄,၅၂၄)ခု၊ အဝတ် Mask (၈,၇၄၆)ခု၊ Hand Speaker (၁၇)ခုနှင့် COVID-19 အသိပညာပေးအသံဖိုင် ထည့်သွင်း ထားသော Memory Stick (၁၇)ခုတို့အား ထောက်ပံ့ခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်း များအပြင်  အသိပညာပေးလုပ်ငန်းများ၊    အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့်   စိတ်ဓါတ်ရေးရာမြှင့်တင် ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

#ar
#kcn_shn_rke_may2020

Source:  MOSWRR

 

Sign Up

Upcoming Events