Category Archives: News
-
ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်နိုင်ရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
မေ ၃၁၊ နေပြည်တော် မြန်မာနိုင်ငံသည် အဓိကပြတ်ရွေ့ကြောကြီးတစ်ခုဖြစ်သော စစ်ကိုင်းပြတ်ရွေ့နှင့် အခြားသော ငလျင်ပြတ်ရွေ့ကြောငယ်များတည်ရှိနေသည့်အတွက်ငလျင်ဘေးအန္တရာယ်ကြီးမားသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းနိုင်မှုမရှိသေးဘဲ နေ့၊ ည အချိန်မရွေး လှုပ်ခတ်နိုင်ပြီး အဖျက်စွမ်းအားကြီးမားသည့် ဘေးအန္တရာယ်တစ်ခုဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် ငလျင်၏ သဘောသဘာဝများ၊ ငလျင်ကြောင့်အသက်အန္တရာယ်ကင်းရှင်းရေးအတွက်နေထိုင်ပြုမူရမည့်အသိပညာ၊ ဗဟုသုတများကိုလေ့လာသိရှိထားရန်နှင့် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်နိုင်ပါရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အကြံပြုအပ်ပါသည်- ငလျင်မလှုပ်မီသိရှိဆောင်ရွက်ထားရန်အချက်များ အခန်းတိုင်းတွင် လုံခြုံသောနေရာကို သိရှိထားရမည်။ ခိုင်ခံ့သောစားပွဲခုံအောက်၊ ကုတင်အောက်၊ အခန်း၏ထောင့် နေရာများ၊ အတွင်းနံရံ (သို့မဟုတ်) တိုင်နှင့်ကပ်လျက်နေရာ၊ တံခါးဘောင်အောက် စသည်ဖြင့် ကြိုတင်လေ့လာရွေးချယ်ထားသင့်ပြီး … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၅-၂၀၂၀) ရက်နေ့ (၀၈:၀၀)နာရီချိန်မှ (၁၂:၀၀)နာရီထိ ဇလွန်မြို့နယ်၊ လိန်ကုန်းအုပ်စု၊ (လိန်ကုန်း၊ထောက်ရှာကွင်း၊အုန်းကုန်း ) ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အသိပညာဗဟုသုတများ၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေပြည်သူများအား အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_Jun2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၀)ရက်နေ့၊ နံနက် (၀၅း၂၀)နာရီအချိန်တွင် အမ်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်၍ မိုးရွာသွန်းမှုကြောင့် ရပ်ကွက်(၁)ခု၊ ကျေးရွာအုပ်စု (၈)အုပ်စု၊ ကျေးရွာ(၂၂)ရွာမှ လုံးဝပျက်စီးအိမ်ခြေ (၆၄) လုံး၊ အိမ်ထောင်စု(၆၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ (၆၄) အိမ်ထောင်စုစာ၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၆,၄၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၃၉၈)ဦးအတွက်၊ ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ (၈၃၅,၈၀၀/-) ကျပ်၊ သစ်ပင်ကျိုးကျ၍ သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) … Read more
-
မိုးကြိုးဘေးသင့် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် ခရမ်းမြို့နယ်၊ တကောကန်ကျေးရွာအုပ်စု၊ အိုးဝေကျေးရွာတွင် (၃၀-၅-၂၀၂၀)ရက်နေ့တွင် ကိုဝေဇင်အောင်၊ အသက်(၃၅)နှစ်သည် လယ်ထဲတွင်း မျိုးစပါးကျဲနေစဉ် မိုးကြိုးထိမှန်သေဆုံးခဲ့သဖြင့် အဆိုပါ မိုးကြိုးဘေးသင့်သေဆုံး(၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၃၀၀၀၀ဝိ/-)ကျပ်အား (၃၁-၅-၂၀၂၀)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျန်ရစ်သူမိသားစုဝင်ထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #ygn_may2020 Source: ညွှန်ကြားရေးမှူး (ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး- ဘစမ)
-
COVID-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ (က)ရပ်ကွက်၊ (ခ)ရပ်ကွက်၊ (ဃ)ရပ်ကွက်၊ ဘဏ်ရိပ်သာရပ်ကွက်၊ ရန်အောင်ရပ်ကွက်တို့တွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးကြေငြာချက်များအား နှိုးဆော်မှုများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_may2020 Source: ညွှန်ကြားရေးမှူး (ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး- ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၅-၂၀၂၀)ရက်နေ့ နေ့လယ် (၁၂း၃၀) အချိန်တွင် အမ်းမြို့နယ်အတွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိန်းရှောင်နေသော တိုက်ပွဲရှောင် အိမ်ထောင်စု (၇၃)စု၊ လူဦးရေ(၃၂၃)ဦး တို့အတွက် ဆန်ရိက္ခာ (၁) လစာဖိုး ထောက်ပံ့ငွေ (၂,၉၀၇,၀၀၀/-)ကျပ်အား အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ထံသို့လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #rke_may2020
-
COVID-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၃၁.၅.၂၀၂၀)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ တောင်သုံးလုံးကျေးရွာ၊ကျောက်မဲတောင်ကျေးရွာတို့တွင် hand speaker တို့ဖြင့် (Covid-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းနှင့် အသိပညာပေး ဗီနိုင်းပိုစတာများ ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀/၃၁-၅-၂၀၂၀)ရက်နေ့တို့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကျေးရွာအုပ်စု(၂)စု၊ ကျေးရွာ(၂)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ပြိုလဲအိမ်ထောင်စု(၂)စုရှိ လူဦးရေ(၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈,၉၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၁၈,၉၀၀/-)ကျပ် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး (ပလပ်စတစ်ပုံးအပါ)(၂)အိမ်ထောင်စာအား (၃၁-၅-၂၀၂၀)ရက်နေ့ (၁၄း၀ဝ)နာရီအချိန်တွင် လေဘေးသင့်နေအိမ်၌ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
COVID-19 ကူးစက်မြန်ရောဂါနှင့်စပ်လျဉ်းသော သိရှိလိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသော ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ( ၃၁.၅.၂၀၂၀)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဘုရားဖြူကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာနှင့် ဖောင်းတောကျေးရွာ၊ ဆင်တောင်ကျေးရွာအုပ်စု၊ အောင်သာယာကျေးရွာ၊ ဆောင်ဒူရွာသစ်ကျေးရွာအုပ်စု၊ ဆောင်ဒူရွာသစ်ကျေးရွာ၊ ဆီးလီဒုန်းကျေးရွာ၊ သေးဆူလဲရွာသစ်ကျေးရွာနှင့် ဒေါကမီးကျေးရွာ၊ ဒေါဘူးကူးကျေးရွာအုပ်စု၊ ဒေါပေါ်ကလဲကျေးရွာများရှိ ပြည်သူများအား COVID-19ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဆော်ဩမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေး ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ (၃၀.၅.၂၀၂၀) ရက်နေ့ (၁၉:၀၀)အချိန် ၌ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ ရွာလုကျေးရွာအုပ်စု၊ ရွာလုကျေးရွာမှ လူနေအိမ် (၃) လုံး အမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့သဖြင့် အဆိုပါ လေဘေးသင့် အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၂)ဦး အတွက် ဆန်ရိက္ခာဖိုး (၂၅,၂၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၄၅,၀၀၀) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၇၀,၂၀၀)ကျပ်တို့ကို (၃၁.၅.၂၀၂၀)ရက်နေ့ (၁၁း၃၀)အချိန်၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် … Read more









