လေပြင်းဘေး ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ (၃၀.၅.၂၀၂၀) ရက်နေ့ (၁၉:၀၀)အချိန် ၌ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ ရွာလုကျေးရွာအုပ်စု၊ ရွာလုကျေးရွာမှ လူနေအိမ် (၃) လုံး အမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့သဖြင့် အဆိုပါ လေဘေးသင့် အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၂)ဦး အတွက် ဆန်ရိက္ခာဖိုး (၂၅,၂၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၄၅,၀၀၀) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၇၀,၂၀၀)ကျပ်တို့ကို (၃၁.၅.၂၀၂၀)ရက်နေ့ (၁၁း၃၀)အချိန်၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#mdy_may2020

Source:           ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events