လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၀)ရက်နေ့၊ နံနက် (၀၅း၂၀)နာရီအချိန်တွင် အမ်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်၍ မိုးရွာသွန်းမှုကြောင့် ရပ်ကွက်(၁)ခု၊ ကျေးရွာအုပ်စု (၈)အုပ်စု၊ ကျေးရွာ(၂၂)ရွာမှ လုံးဝပျက်စီးအိမ်ခြေ (၆၄) လုံး၊ အိမ်ထောင်စု(၆၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ (၆၄) အိမ်ထောင်စုစာ၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၆,၄၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၃၉၈)ဦးအတွက်၊ ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ (၈၃၅,၈၀၀/-) ကျပ်၊ သစ်ပင်ကျိုးကျ၍ သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် ဒဏ်ရာရရှိသူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ စုစုပေါင်း (၇,၆၃၅,၈၀၀) ကျပ်အား (၃၁-၅-၂၀၂၀)ရက်နေ့၊ နေ့လည် (၁၂း၃၀) နာရီအချိန်တွင် အမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#rke_may2020

Sign Up

Upcoming Events