တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၅-၂၀၂၀)ရက်နေ့ နေ့လယ် (၁၂း၃၀) အချိန်တွင် အမ်းမြို့နယ်အတွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိန်းရှောင်နေသော တိုက်ပွဲရှောင် အိမ်ထောင်စု (၇၃)စု၊ လူဦးရေ(၃၂၃)ဦး တို့အတွက် ဆန်ရိက္ခာ (၁) လစာဖိုး ထောက်ပံ့ငွေ (၂,၉၀၇,၀၀၀/-)ကျပ်အား အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ထံသို့လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#otr
#rke_may2020

Sign Up

Upcoming Events