Category Archives: News
-
အင်္ဂပူမြို့နယ်၊ လင်းလွန်းပင်အုပ်စု၊ သင်တောမြောင်ကျေးရွာ လေပြင်းဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ လင်းလွန်းပင်အုပ်စု၊ သင်တောမြောင်ကျေးရွာ၌ (၃၁-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ (၁၇) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၅၇၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၈၀ဝဝဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၅၇၀ဝိ/-) ကျပ်တို့ကို (၂-၆-၂၀၂၀)ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jun2020 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၆-၂၀၂၀)ရက်နေ့၊ (၁၅:၃၀)နာရီ အချိန်တွင် သရက်ခရိုင်၊ သရက်မြို့နယ်၊ ကျဦးကျေးရွာအုပ်စု၊ ကျဦးကျေးရွာတွင် လေပြင်းတိုက်ခတ် မှုကြောင့် လူနေအိမ်(၁)လုံး၊ လေဘေးသင့်ခဲ့ပြီး အဆိုပါလေဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ (၈,၄၀ဝိ/-) ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀ဝိ/-) ကျပ်၊ ရန်ပုံငွေစုစုပေါင်း(၃၈,၄၀ဝိ/-) ကျပ်အား (၂-၆-၂၀၂၀)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : … Read more
-
လေပြင်းဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကုန်းလမ်းရပ်ကွက်၌ (၃၁-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် မိုင်းပုတ်ဘုန်းတော်ကြီးကျောင်းပေါ်သို့ ညောင်ကိုင်းကျိုးကျပြီး အမိုးများ၊ ဝရန်တာများ၊ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သဖြင့် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်တိတိအား (၂-၆-၂၀၂၀) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #shn_jun2020 Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ ဆုံလဲအုပ်စုရှိ ကျေးရွာခွဲ (၃)ရွာတွင် (၃၁-၅-၂၀၂၀) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော အိမ်ခြေ(၂)လုံး၊ အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ(၄)လုံး၊ ၎င်းအိမ်ထောင်စု (၆)စုရှိ လူဦးရေ(၂၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးစီကို အိမ်ထောင်စု(၂)စုစာ အတွက်လည်းကောင်း အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၁၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၆၀,၉၀၀/-) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၇၀,၉၀၀/-) ကျပ်ကို(၂-၆-၂၀၂၀) ရက်နေ့၊ (၁၂:၃၀) နာရီချိန်တွင် ကြံခင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပေါက်ခေါင်းမြို့နယ်၊ ပိတောက်ကုန်းကျေးရွာအုပ်စု၊ သစ်ရောင်းပြန်အုပ်စုနှင့် အမှတ်(၂)ရပ်ကွက်တို့၌ (၁-၆-၂၀၂၀)ရက်နေ့၊ (၀၅:၁၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် အမိုးလန်နေအိမ် (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၃၀၀၀၀)ကျပ်အား (၂-၆-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jun2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်ခေါင်းမြို့နယ်၊ ညောင် ဝန်းကျေးရွာအုပ်စု၊ ညောင်ဝန်းကျေးရွာ၌ (၃၀-၅-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ဖြစ် ပွားခဲ့သော မီးဘေးကြောင့် ဘုန်းတော်ကြီးကျောင်း ဆွမ်းစားဆောင် (၁) ဆောင်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်အား (၂-၆-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_fir #bgo_june2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၆-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(အနောက်ပိုင်း)၊ ဦးဝင်းကြည်(တဲတိုက်)၊ ဒေါ်အေး(တဲတိုက်)နှင့် ဦးကျော်စိန် (တဲတိုက်)ရှိ အိမ်ခြေ (၁၀၉) လုံး၊ အိမ်ထောင်စု(၁၁၈) စု၊ လူဦးရေ (၅၅၂) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_jun2020
-
လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၆-၂၀၂၀)ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ အိုင်သပြုအုပ်စု၊ သခင်ဖိုးလှကြီးရပ်ကွက်တွင် (၃၁-၅-၂၀၂၀)နေ့ဖြစ်ပွားသော လေဘေးကြောင့် အမိုးလန် အိမ်ထောင်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၃၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀ိ/-) ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၄၂,၆၀၀ိ/-) ကျပ်တို့အား (၂-၆-၂၀၂၀)ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ ဘေးသင့် ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: : ဟင်္သာတခရိုင်ဦးစီးမှူးရုံး … Read more
-
လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားသော ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ကျွဲသောက်ကျေးရွာအုပ်စု၊ ဆင်ဒင်ကြီးကျေးရွာ၌ လေပြင်းဘေးကြောင့် (ဓနိမိုး၊ပျဉ်ခင်း၊ပျဉ်ကာ) နေအိမ် (တစိတ်တပိုင်း ပျက်စီး)(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀,၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၇)ရက်စာဖိုး (၁၀,၅၀ဝိ/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၃၀,၅၀၀/-) ကျပ်ကို (၃၀-၅-၂၀၂၀)ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: : သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
စလင်းမြို့နယ် လေပြင်းဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကျေးရွာ(၁၄)ရွာတို့၌ (၂၈/၂၉/၃၁-၅-၂၀၂၀) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သည့်အိမ်ခြေ(၂၈)လုံး၊ အိမ်ထောင်စု(၂၈)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁,၃၃၀,၀၀၀) ကျပ်၊ လူဦးရေ (၁၂၀) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၅၂,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၅၈၂,၀၀၀) ကျပ်တိတိနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ အိမ်ထောင်စု(၇)စာတို့အား (၁-၆-၂၀၂၀)ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_jun2020 Source: စလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









