Category Archives: News
-
မိုးကြိုးဘေးသင့် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ စာဖြူဆိပ်ကျးရွာအုပ်စု၊ ငါးရံရိုးကျေးရွာတွင် (၄.၆.၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံငွေ(၃၀ဝဝဝဝိ)အား (၅.၆.၂၀၂၀)ရက်နေ့တွင် အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သေဆုံးသူမိသားစုဝင်ထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_jun2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ထုံးဘို ကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာနှင့် ငါးဆယ်ပေးကျေးရွာအုပ်စု၊ အုတ်ဖို ကျေးရွာ၌ (၂-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားသော လေဘေးသင့်အမိုးလန်နေအိမ်(၂)လုံးတို့ အတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ(၈၀,၀၀၀/-) ကျပ်အား (၅-၆-၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: : ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #bgo_jun2020
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပန်းတောင်း မြို့နယ်၊ ကြိုးကြာကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာ (၃၀-၅-၂၀၂၀) ရက်နေ့နှင့် လှည်ကူး ကျေးရွာအုပ်စုသရက်ခုံကျေးရွာ (၃၁-၅-၂၀၂၀) ရက်နေ့တို့တွင် ဖြစ်ပွားသော လေဘေးသင့်အမိုးလန် နေအိမ် (၁၂) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၈၀၀/-) ကျပ်အား (၅-၆-၂၀၂၀) ရက်နေ့၊ (၁၀း၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: : ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #bgo_jun2020
-
COVID 19 အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၂၀) ရက် နေ့တွင် လောင်းလုံးမြို့နယ်အတွင်းရှိ အင်းဇောက်ကျေးရွာ နှင့် မကျွန်းမော်ကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား Hand Speaker လော်စပီကာတို့ဖြင့် လှည့်လည်အသိပညာပေးခြင်း၊ Covid-19 အသိပညာပေး ဗီနိုင်းပိုစတာများကပ်ခြင်းနှင့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ အသိ ပညာဗဟုသုတများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များအား ကျေးရွာနေပြည်သူများထံ လှည့်လည်အသိပညာပေးခြင်း၊ သဘာဝဘေးဆိုင်ရာ လက်ကမ်းစာ စောင်များ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ … Read more
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၅-၆-၂၀၂၀) ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် သောက်သုံးရေအခက်အခဲရှိသော လယ်ဝေးမြို့ နယ်၊ အောင်သာကျေးရွာအုပ်စု၊ အိမ်ခြေ(၂၀) ကျေးရွာအတွင်းရှိ အိမ်ထောင်စု (၆၀) စု၊ လူဦးရေ (၂၄၂) ဦးအတွက် သောက်ရေသန့်(၂၀) လီတာဘူး (၁၂၀) ဘူးအား သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ha_drg #npw_jun2020 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးကြောင့် သေဆုံး၊ ဒဏ်ရာရသူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိ
~~~~~~~~ Source: MOSWRR ~~~~~~~~ ဇွန် ၄၊ နေပြည်တော် ~~~~~~~~ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ဇွန်လ(၂)ရက်နေ့တွင် ဖုန်းဖြင့်အင်တာနက်သုံးနေစဉ် မိုးကြိုးပစ်ခြင်းကြောင့် လူ(၂)ဦးသေဆုံး၍ (၅)ဦးဒဏ်ရာရရှိခဲ့ပြီး ဇွန်လ(၃)ရက်နေ့တွင်လည်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ မိုးကြိုးပစ်မှုဖြစ်စဉ်(၁)ကြိမ်တွင် လူ(၅)ဦးသေဆုံးပြီး (၇)ဦးဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါမိုးကြိုးဘေးကြောင့် သေဆုံးသူတစ်ဦးလျှင် (၃၀၀,၀၀၀/-) (ကျပ်သုံးသိန်း)နှုန်း၊ ဒဏ်ရာရသူတစ်ဦးလျှင် (၅၀,၀၀၀/-) (ကျပ် ငါးသောင်း)နှုန်းဖြင့် စုစုပေါင်း (၂,၇၀၀,၀၀၀/-) (ကျပ်နှစ်ဆယ့်ခုနစ်သိန်း)ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှနှင့် … Read more
-
မိုးကြိုးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၂၀) ရက်နေ့ (၁၆:၄၅)နာရီတွင် ရေဦးမြို့နယ်၊ မုံတိုင်ပင်ကျေးရွာအုပ်စု၊ ဇီးကန်ကျေးရွာ၌ ဖြစ်ပွားသော မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးသူ (၂)ဦးအတွက် ထောက်ပံ့ငွေ (၆၀၀၀၀ဝ/)ကျပ်၊ ဒဏ်ရာရရှိသူ(၅)ဦးအတွက် တစ်ဦးလျှင်(၅၀၀၀ဝ/-)နှုန်းဖြင့် ထောက်ပံ့ငွေ(၂၅၀၀၀ဝ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၈၅၀,၀ဝဝ/-)ကျပ်နှင့် ရေဦးမြို့နယ်သဘာဝဘေး ရန်ပုံငွေမှ သေဆုံးသူနှင့်ဒဏ်ရာရရှိသူ(၇)ဦးအတွက် တစ်ဦးလျှင်(၅၀၀၀ဝ/-)နှုန်းဖြင့် (၃၅၀၀၀ဝ/-)ကျပ်တို့အား (၄-၆-၂၀၂၀)ရက်နေ့ (၁၇:၀၀)နာရီတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ရေဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more
-
ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ IDP စခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများ၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
~~~~~~~~~ Source: MOSWRR ~~~~~~~~~ ဇွန်လ ၄ ရက်၊ နေပြည်တော် ~~~~~~~~~ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ (၃-၆-၂၀၂၀) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်၊ ဗုဒ္ဓမော်ကျောင်းတိုက်၊ ဆုတောင်းပြည့်ကျောင်းတိုက်၊ ဆည်ကြီးကျောင်းတိုက်၊ ဃောသိတာရုံကျောင်းတိုက်၊ အမျိုးသားကျောင်းတိုက်၊ ဂရုချောင်းကျောင်းတိုက်၊ ဝိဘဇ္ဇဝါဒီကျောင်းတိုက်၊ မဟာမုနိဗုဒ္ဓဝိဟာရကျောင်းတိုက်၊ မဟာဇေယျာသိဒ္ဓိပဌာန်းကျောင်းတိုက်၊ … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၆-၂၀၂၀) ရက်နေ့တွင် သာစည် မြို့နယ်၊ ကပ်ကျေးအင်းကျေးရွာအုပ်စု၊ ကန်စွယ်ကျေးရွာတွင် သောက်သုံးရေရှားပါးမှု ဖြစ်ပေါ် နေခြင်းအတွက် သောက်သုံးရေဂါလန်(၁၇၀၀)အား သွားရောက်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: : မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_drg #mdy_jun2020
-
COVID-19ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပရဟိတအဖွဲ့နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍(၄-၆-၂၀၂၀)ရက်နေ့(ဝ၈:၃၀)နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူး စက်ပြန့်ပွားလျက်ရှိသည့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်းယာဉ် ဝင်/ထွက်တွင် စီးနင်းလိုက်ပါလာသောခရီးသည် များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_jun2020









