
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပန်းတောင်း မြို့နယ်၊ ကြိုးကြာကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာ (၃၀-၅-၂၀၂၀) ရက်နေ့နှင့် လှည်ကူး ကျေးရွာအုပ်စုသရက်ခုံကျေးရွာ (၃၁-၅-၂၀၂၀) ရက်နေ့တို့တွင် ဖြစ်ပွားသော လေဘေးသင့်အမိုးလန် နေအိမ် (၁၂) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၈၀၀/-) ကျပ်အား (၅-၆-၂၀၂၀) ရက်နေ့၊ (၁၀း၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
Source: : ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#bgo_jun2020