မိုးကြိုးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၂၀) ရက်နေ့ (၁၆:၄၅)နာရီတွင် ရေဦးမြို့နယ်၊ မုံတိုင်ပင်ကျေးရွာအုပ်စု၊ ဇီးကန်ကျေးရွာ၌ ဖြစ်ပွားသော မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးသူ (၂)ဦးအတွက် ထောက်ပံ့ငွေ (၆၀၀၀၀ဝ/)ကျပ်၊ ဒဏ်ရာရရှိသူ(၅)ဦးအတွက် တစ်ဦးလျှင်(၅၀၀၀ဝ/-)နှုန်းဖြင့် ထောက်ပံ့ငွေ(၂၅၀၀၀ဝ/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၈၅၀,၀ဝဝ/-)ကျပ်နှင့် ရေဦးမြို့နယ်သဘာဝဘေး ရန်ပုံငွေမှ သေဆုံးသူနှင့်ဒဏ်ရာရရှိသူ(၇)ဦးအတွက် တစ်ဦးလျှင်(၅၀၀၀ဝ/-)နှုန်းဖြင့် (၃၅၀၀၀ဝ/-)ကျပ်တို့အား (၄-၆-၂၀၂၀)ရက်နေ့ (၁၇:၀၀)နာရီတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ရေဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_tls
#sgg_jun2020

Sign Up

Upcoming Events