
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ထုံးဘို ကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာနှင့် ငါးဆယ်ပေးကျေးရွာအုပ်စု၊ အုတ်ဖို ကျေးရွာ၌ (၂-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားသော လေဘေးသင့်အမိုးလန်နေအိမ်(၂)လုံးတို့ အတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ(၈၀,၀၀၀/-) ကျပ်အား (၅-၆-၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: : ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#bgo_jun2020