Category Archives: News
-
COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေး ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၂၀) ရက်နေ့တွင် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ ကျန်သနွယ်ကျေးရွာအုပ်စု၊ မြောက်နန်းချွန်ကျေးရွာ၊ ဘိုးတော်ကုန်းကျေးရွာအုပ်စု၊ ဘိုးတော် ကုန်းကျေးရွာ၊ နတ်စင်ကုန်းကျေးရွာ၊ ပိတောက်စမ်းကျေးရွာ၊ ဆင်ဂွေကျေးရွာအုပ်စု၊ ဆင်ဂွေကျေးရွာ၊ ရွာသစ်ကျေးရွာတို့တွင် COVID-19 နှင့်ပက်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။ Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #bgo _jun2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်တို့တွင် Covid_19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာများအား အရာထမ်း၊အမှုထမ်းများမှ ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #ygn_jun2020
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ဆောင်ဘုံကျေးရွာအုပ်စု၊ ဆောင်ဘုံကျေးရွာနှင့် ထန်းဇင်လှကျေးရွာအုပ်စု၊ ထန်းဇင်လှကျေးရွာ၌ (၁၉-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀ဝိ/-)၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၁၀၅၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၂၁၀၅၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂) အိမ်ထောင်စာအား (၂၂-၆-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jun2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၂၀) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်မှ (၁၆:၀၀) နာရီအချိန် အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို လယ်ဝေး မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ၊ သက္ကချင်းကျေးရွာ၊ အင်ပင်သာ ကျေးရွာနှင့် အောင်သာကျေးရွာအုပ်စု၊ အောင်သာကျေးရွာ၊ မင်းရေးကျေးရွာ၊ ယက္ကန်းစင် ကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ အရှေ့ရှားတောကျေးရွာအုပ်စု၊ မှရိုးကုန်းကျေးရွာနှင့် ဇီးဖြူပင်ကျေးရွာအုပ်စု၊ ကြူတော(တ)ကျေးရွာတို့တွင် (၁၉-၆-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ(၁၄)လုံး၊ အိမ်ထောင်စု(၁၄)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁,၄၀၀,၀၀၀ိ/-)၊ လူဦးရေ(၄၂)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၈၈,၂၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁,၄၈၈,၂၀၀ိ/-)အား (၂၂-၆-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jun2020 Source: စလင်းမြို့နယ်ဦးစီးမှူးရုံး ( ဘစမ )
-
ကမ်းပြိုဘေးသင့်ပြောင်းရွှေ့ ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မိုးကွဲ ကျေးရွာအုပ်စု၊ ချင်းယားကျေးရွာတွင် (၂၂-၆-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်၌ ချင်းတွင်း မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြ ရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ(၁၀) ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၁,၀၀၀/-) ကျပ်အား (၂၂-၆-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) … Read more
-
တိုက်ပွဲရှောင်ပြည်သူများအား Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမ်းမြို့နယ်၊ ဒုက္ကံကျေးရွာဘက်စုံသုံးခန်းမ၊ ကဇုကိုင်းကျေးရွာ၊ ကိုးကန်တန်းကျေးရွာနှင့် အောက်ရွာကျေးရွာတိုက်ပွဲရှောင်စုရပ် (၄) စုအတွက် COVID- 19 ကြိုတင်ကာကွယ်ရေးပစ္စည်းများဖြစ်သည့် ဆပ်ပြာ(၅၂၈) တောင့်၊ Surgical Mask (၅၂၈) ခု၊ Hand Gel (၇၁) ဗူး၊ လက်ဆေးဘေစင်(ရေပုံးအပါအဝင်) (၄) စုံ၊ ထုံး (၅ ပိဿာပါ)(၁၀) အိတ်၊ လမ်းညွှန်ဗီနိုင်း (၁)ချပ်တို့ကို (၂၂.၆.၂၀၂၀)ရက်နေ့ နေ့လယ်(၁၃း၀၀)အချိန်တွင် အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်း၍လည်းကောင်း၊ စျေးတောင်ရပ်ကွက်တိုက်ပွဲရှောင်စုရပ်နှင့် မိုးလုံလေလုံအားကစားခန်းမအတွက် … Read more
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဆင်လမ်းကြီးကျေးရွာအုပ်စု၊ မဿမံကျေးရွာ၌ (၂၀-၆-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ(၃၀၀၀၀ဝိ/-)အား (၂၂-၆-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးရှေ့မှောက်၌ သေဆုံးသူ၏မိသားစုဝင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_jun2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေးအသိပညာပေးခြင်းလုပ် ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၂၂-၆-၂၀၂၀) ရက်နေ့တွင် ကလေးမြို့နယ်၊ ကံကြီးကျေးရွာ၊ ကံလှကျေးရွာ၊ ကြက်ဖနက်ကျေးရွာ၊ (၅၅) မိုင်ကျေးရွာနှင့် နန်း ကျင်းဆောင်ကျေးရွာများတွင် မိုးကြိုးဘေးအသိပညာပေးခြင်း၊ covid-19 အသိပညာပေးခြင်း နှင့် မိုးကြိုးဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးစပါးစိုက်ဧက (၇၅.၇)ဧက အတွက် ပြန်လည်စိုက်ပျိုးစရိပ် ထောက်ပံ့ငွေ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၂၀) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ၂၀၁၉ ခုနှစ်အတွင်း ဘော်ဘင်ချောင်း ရေမြင့်တက်မှုကြောင့် ရေနစ်မြှုပ်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧက (၇၅.၇)ဧက အတွက် ပြန်လည်စိုက်ပျိုးစရိပ် (၇၅၇၀၀၀၀/-)ကျပ်ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားအား ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ခြင်း၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးမှ ထောက်ပံ့ရခြင်းအကြောင်းရှင်းလင်းပြောကြားခြင်းနှင့် စိုက်ပျိုးရေး ဦးစီးဌာန ညွန်ကြားရေးမှူးတို့မှ ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကာ … Read more









