တိုက်ပွဲရှောင်ပြည်သူများအား Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမ်းမြို့နယ်၊ ဒုက္ကံကျေးရွာဘက်စုံသုံးခန်းမ၊ ကဇုကိုင်းကျေးရွာ၊ ကိုးကန်တန်းကျေးရွာနှင့် အောက်ရွာကျေးရွာတိုက်ပွဲရှောင်စုရပ် (၄) စုအတွက် COVID- 19 ကြိုတင်ကာကွယ်ရေးပစ္စည်းများဖြစ်သည့် ဆပ်ပြာ(၅၂၈) တောင့်၊ Surgical Mask (၅၂၈) ခု၊ Hand Gel (၇၁) ဗူး၊ လက်ဆေးဘေစင်(ရေပုံးအပါအဝင်) (၄) စုံ၊ ထုံး (၅ ပိဿာပါ)(၁၀) အိတ်၊ လမ်းညွှန်ဗီနိုင်း (၁)ချပ်တို့ကို (၂၂.၆.၂၀၂၀)ရက်နေ့ နေ့လယ်(၁၃း၀၀)အချိန်တွင် အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်း၍လည်းကောင်း၊ စျေးတောင်ရပ်ကွက်တိုက်ပွဲရှောင်စုရပ်နှင့် မိုးလုံလေလုံအားကစားခန်းမအတွက် ဆပ်ပြာ(၇၇၃)တောင့်၊ Surgical Mask(၇၇၃)ခု၊ Hand Gel(၆၀)ဗူး၊ လက်ဆေးဘေစင်(ရေပုံးအပါအဝင်) (၂) စုံ၊ ထုံးအိတ်(၅ ပိဿာပါ) (၂၀)အိတ်၊ လမ်းညွှန်ဗီနိုင်း (၂)ချပ်တို့အား (၁၃း၃၀) အချိန်တွင် တိုက်ပွဲရှောင်ပြည်သူများထံ လက်ဝယ်အရောက်သွားရောက်၍လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar
#rke_jun2020

Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး ( ဘစမ )

Sign Up

Upcoming Events