COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးဟောပြောမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၂၀) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်မှ (၁၆:၀၀) နာရီအချိန် အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို လယ်ဝေး မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ၊ သက္ကချင်းကျေးရွာ၊ အင်ပင်သာ ကျေးရွာနှင့် အောင်သာကျေးရွာအုပ်စု၊ အောင်သာကျေးရွာ၊ မင်းရေးကျေးရွာ၊ ယက္ကန်းစင် ကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

#ar
#npw_jun2020

Sign Up

Upcoming Events