မိုးစပါးစိုက်ဧက (၇၅.၇)ဧက အတွက် ပြန်လည်စိုက်ပျိုးစရိပ် ထောက်ပံ့ငွေ ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၂၀) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ၂၀၁၉ ခုနှစ်အတွင်း ဘော်ဘင်ချောင်း ရေမြင့်တက်မှုကြောင့် ရေနစ်မြှုပ်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧက (၇၅.၇)ဧက အတွက် ပြန်လည်စိုက်ပျိုးစရိပ် (၇၅၇၀၀၀၀/-)ကျပ်ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားအား ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ခြင်း၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးမှ ထောက်ပံ့ရခြင်းအကြောင်းရှင်းလင်းပြောကြားခြင်းနှင့် စိုက်ပျိုးရေး ဦးစီးဌာန ညွန်ကြားရေးမှူးတို့မှ ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကာ ဝန်ကြီးနှင့်အဖွဲ့မှ တောင်သူများထံ ထောက်ပံ့ငွေပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပြီး ဒေသခံတောင်သူ (၁)ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါ ကြောင်းသတင်းရရှိပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha_otr
#bgo_jun2020

Sign Up

Upcoming Events