
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ အရှေ့ရှားတောကျေးရွာအုပ်စု၊ မှရိုးကုန်းကျေးရွာနှင့် ဇီးဖြူပင်ကျေးရွာအုပ်စု၊ ကြူတော(တ)ကျေးရွာတို့တွင် (၁၉-၆-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ(၁၄)လုံး၊ အိမ်ထောင်စု(၁၄)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁,၄၀၀,၀၀၀ိ/-)၊ လူဦးရေ(၄၂)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၈၈,၂၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁,၄၈၈,၂၀၀ိ/-)အား (၂၂-၆-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_jun2020
Source: စလင်းမြို့နယ်ဦးစီးမှူးရုံး ( ဘစမ )