Category Archives: News
-
COVID-19 ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ အင်းလျာကုန်း ကျေးရွာအုပ်စု၊ အင်းလျာကုန်းကျေးရွာ၊ လယ်တီကျေးရွာ၊ လှေတော်ရုံကျေးရွာ၊ ဆင်ကူး(အရှေ့)၊ ဆင်ကူး(အနောက်)ကျေးရွာတို့ တွင်(၈-၇-၂၀၂၀) ရက်နေ့၌ (၀၈:၀၀) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွား လျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေ ပြည် သူတို့အား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ အရှေ့ရှားတောကျေးရွာအုပ်စု၊ မှရိုးကုန်းကျေးရွာ၌ (၆-၇-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-)၊ လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၁,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂၁,၀၀၀/-) ကျပ်တို့အား (၈-၇-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ unicefနှင့် စေတနာ့ဝန်ထမ်းတို့ ပူးပေါင်း၍ (၈-၇-၂၀၂၀) ရက်နေ့၊ နံနက် (၆:၀၀) နာရီ အချိန်တွင် လွိုင်လင်မြို့၊ မြို့မစျေး၌ Covid-19 ကူးစက်မှု ဒုတိယလှိုင်း မဖြစ်စေရန် ပြည်သူများသို့ အသိပညာပေးခြင်း၊ Mask ၊ဆပ်ပြာခဲ၊လက်ဆွဲအိပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၇-၂၀၂၀) ရက်နေ့ (၁၈:၀၀) အချိန် ခန့်တွင် တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ လယ်တောင်ယာကျေးရွာတွင် လေပြင်းတိုက်ခတ် မှုကြောင့် ပြိုကျပျက်စီးသွားသည့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၈,၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံးတို့ကို … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၇-၂၀၂၀)ရက်နေ့၊ (၁၀:၃၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကံ့ကော်ရပ်ကွက်နှင့် တောင်သူစုရပ်ကွက်တို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးတွင်းကာလတွင်ဖြစ်ပွားလေ့ရှိသည့် ရေဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ မြေပြို့ဘေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jul2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေးအန္တရာယ်တို့နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၇-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ အမှတ်(၉/၁၀/၁၁/၁၂/၁၃/၁၄၁၅/၁၆) ရပ်ကွက်တို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ အချက်အလက်များ၊ သဘာဝဘေးအသိပညာပေးခြင်းအား ရပ်ကွက်များအတွင်း အသိပေးခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_Jul2020 Source: ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေး၊ မုန်တိုင်းဘေးအန္တရာယ်တို့နှင့် ပတ်သက်၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၇-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှစ၍ (၁၂:၀၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ ဘုရားငုတ္တိုကျေးရွာ၊ ရေတွင်းရေကန်ကျေးရွာ၊ တောင်ကွဲကြီးကျေးရွာနှင့် ပေသလပ်ကုန်းကျေးရွာတို့တွင် လတ်တလော နိုင်ငံ အသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်ပြီး ဆောင်ရန်/ ရှောင်ရန်များနှင့် သဘာဝဘေး (ရေဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး) တို့နှင့်ပတ်သတ်သည့် လိုက်နာ ဆောင်ရွက်ရန်များကို ကျေးရွာနေပြည်သူလူထုအား အသိပညာပေးလှည့်လည်ဟောပြောမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_Jul2020 … Read more
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေး အန္တရာယ်တို့နှင့် ပတ်သက်၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၇-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာ၊ မှိန်ဂနိမ်း ကျေးရွာ၊ ကျောက်တလုံးကျေးရွာနှင့် နိုင်းပြိုင်ကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_Jul2020 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၈-၇-၂၀၂၀)ရက်နေ့တွင် ကွင်းကောက်တောင်ကျေးရွာအုပ်စုရှိ မင်းဒလင်ကွင်းကျေးရွာ၊ ပေါက်ပင်ချောင်ကျေးရွာ၊ ကျွန်းတောကုန်းကျေးရွာ၊ သာယာကုန်းကျေးရွာ၊ လိမ်ကုန်းကျေးရွာ၊ မြန်အောင်စုကျေးရွာ၊ ဘဲအင်းကျေးရွာ၊ကြိုးကြာကွင်းကျေးရွာ၊ ဒေါင့်ကြီးကျေးရွာ၊ ကြာအင်းကျေးရွာများ၌လည်းကောင်း၊ ကျီးကြီးကျေးရွာအုပ်စုရှိ စစ်ကွင်းကျေးရွာ၊ ကွင်းလယ်စုကျေးရွာ၊ ထန်းကုန်းကျေးရွာများ၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးတွင်းကာလတွင်ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် လှည့်လှည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ လေပြင်းဘေးအန္တရာယ်တို့နှင့် ပတ်သက်၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၇-၂၀၂၀) ရက်နေ့ (၀၇:၀၀) နာရီမှ (၁၁:၀၀) နာရီအချိန်ထိ မကွေးမြို့နယ်၊ ကံလှကျေးရွာ၊ ဒဟတ်ကန်ကျေးရွာများသို့ Covid-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးနှင့် လေပြင်း ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို Loud speaker အသုံးပြု၍ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #mgy_Jul2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)









