လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ အင်းလျာကုန်း ကျေးရွာအုပ်စု၊ အင်းလျာကုန်းကျေးရွာ၊ လယ်တီကျေးရွာ၊ လှေတော်ရုံကျေးရွာ၊ ဆင်ကူး(အရှေ့)၊ ဆင်ကူး(အနောက်)ကျေးရွာတို့ တွင်(၈-၇-၂၀၂၀) ရက်နေ့၌ (၀၈:၀၀) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွား လျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေ ပြည် သူတို့အား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jul2020
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)