လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၈-၇-၂၀၂၀)ရက်နေ့တွင် ကွင်းကောက်တောင်ကျေးရွာအုပ်စုရှိ မင်းဒလင်ကွင်းကျေးရွာ၊ ပေါက်ပင်ချောင်ကျေးရွာ၊ ကျွန်းတောကုန်းကျေးရွာ၊ သာယာကုန်းကျေးရွာ၊ လိမ်ကုန်းကျေးရွာ၊ မြန်အောင်စုကျေးရွာ၊ ဘဲအင်းကျေးရွာ၊ကြိုးကြာကွင်းကျေးရွာ၊ ဒေါင့်ကြီးကျေးရွာ၊ ကြာအင်းကျေးရွာများ၌လည်းကောင်း၊ ကျီးကြီးကျေးရွာအုပ်စုရှိ စစ်ကွင်းကျေးရွာ၊ ကွင်းလယ်စုကျေးရွာ၊ ထန်းကုန်းကျေးရွာများ၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးတွင်းကာလတွင်ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် လှည့်လှည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jul2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)